BEC-TERO TV

ပထမတန်းသင်ရိုး သစ်ပြောင်းလဲမှုကို ကျောင်းသားမိဘတွေ ကြိုက်နှစ်သက်မှု ရှိနေ

02 Jun 2017     1,280 Views


အခုကျောင်းဖွင့်ရာသီကစလို့ သင်ကြားရတော့မယ့် ပထမတန်းသင်ရိုးသစ်ဟာ ကျောင်းသား၊ ကျောင်းသူတွေ သင်ကြားတဲ့အခါမှာ လွယ်ကူမှာဖြစ်ပြီး သင်ရိုးသစ်ပြောင်းလဲမှုနဲ့ပတ်သက်လို့ ကြိုက်နှစ်သက်မှု ရှိတယ်လို့ ကျောင်းသားမိဘတွေက ပြောကြားလိုက်တာပါ။ ပညာရေးစနစ်အဆင့်မြင့်တင်ဖို့အတွက်ပြောင်းလဲလိုက်တဲ့ ပထမတန်း သင်ရိုးသစ်မှာ ဘာသာရပ်အနေနဲ့ဆယ်ဘာသာရှိပြီး ဒီဘာသာရပ်တွေထဲမှာတော့ အနုပညာနဲ့ ပတ်သက်တဲ့ပန်းချီ၊ ဂီတစတဲ့ ဘာသာရပ်တွေပါဝင်နေတာကြောင့် ကျောင်းသား ကျောင်းသူတွေ အနေနဲ့ ဖျော်ဖြေရေးပုံစံသင်ကြားရမှာဖြစ်လို့ ပထမတန်းသင်ရိုးသစ်ပြောင်းလဲတာကို ကြိုက်နှစ်သက် မှုရှိတယ်လို့ ကျောင်းသားမိဘတစ်ဦးက အခုလိုပြောပါတယ်။

အသစ်ပြောင်းလဲလိုက်သော ပထမတန်းသင်ရိုးသစ်မှာမြန်မာစာ၊အင်္ဂလိပ်စာ၊ သင်္ချာ၊သိပ်္ပံ၊ဘ၀တွက်တာ၊ဂီတ၊လူမူ၊ပန်းချီ၊ကာယ၊စာရိတ်္တစတဲ့ဘာသာရပ်တွေပါဝင်မှာဖြစ်ပြီး ကျောင်းသားကျောင်းသူတွေ သင်ယူချင်စိတ်ရှိစေဖို့ဖတ်စာအုပ်နဲ့သင်ကြားတဲ့ပုံစံတွေကိုပါပြောင်းလဲ ထားတယ်လို့သိရပါတယ်။ဒီလိုပြောင်းလဲထားတဲ့အတွက် ကျောင်းသားကျောင်းသူတွေအတွက် သင်ရိုးသစ်ဟာ အခက်အခဲမရှိနိုင်ဘူးလို့ ကျောင်းသားမိဘကပြောပါတယ်။ ပထမတန်းသင်ရိုးသစ်ပြောင်းလဲမှုအတွက် အခြေခံပညာကျောင်းများက ကျောင်းဆရာ၊ဆရာမတွေကို ပညာရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေအနေနဲ့သင်တန်းပို့ချပေးခဲံ့ပြီး သင်တန်းကာလဟာ တစ်ပတ်တာကြာမြင့်ခဲ့တယ်လို့သိရပါတယ်။

အဲဒီလို သင်တန်းပို့ချရာမှာတော့ ကျောင်းသားကျောင်းသူတွေကျောင်းနေပျော်ဖို့သင်ကြားရမယ့်ပုံစံနဲ့နည်းစနစ်တွေကို သင်ကြား ပေးခဲ့တာဖြစ်တယ်လို့ဆရာမတစ်ဦးကအခုလိုပြောပါတယ်။ ပညာရေးစနစ်အဆင့်မြင့်တင်နိင်ဖို့ အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း အရ အခြေခံပညာသင်ရိုးညွန်းတန်းတွေကို ပြောင်းလဲသွားမှာဖြစ်ပြီး အတန်းစနစ်တွေကိုလည်း ပြောင်းလဲသွားမှာ ဖြစ်တယ်လို့သိရပါတယ်။လက်ရှိမှာတော့ အခုပညာသင်နှစ်ကစပြီး ပထမတန်း သင်ရိုးညွန်းတန်းကိုပြောင်းလဲထားပြီး လာမယ့်နှစ်တွေကစလို့ ဒုတိယတန်း၊တတိယတန်း၊ စတုတ္တတန်းသင်ရိုးတွေကို ပြောင်းလဲသွားမှာဖြစ်တယ်လို့သိရပါတယ်။ဒါ့အပြင်အတန်းစနစ်တွေကို လည်း ပြောင်းလဲသွားမှာဖြစ်တဲ့အတွက် သူငယ်တန်း(K.G)ကနေ ဂရိတ်(၁၂)အထိ သင်ယူနိင်ဖို့ အတန်းစနစ်တွေကို ပြောင်းလဲသွားမှာဖြစ်ပါတယ်။


02 Jun 2017     1,280 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS