မိဘမဲ့ ကလေးတွေကို ကျောင်းထားပေးနေတာ ၄နှစ်ရှိပြီ ဖြစ်တဲ့ မိုးယံဇွန်
02 Jun 2017 1,310 Views
သရုပ်ဆောင် အဆိုတော် မိုးယံဇွန်ဟာ မိဘမဲ့ကျောင်းက ကလေးငယ်တွေကို ပညာဒါန ကုသိုလ်ပြု ကျောင်းထားပေးနေတာ ဒီနှစ်နဲ့ ဆိုရင် လေးနှစ်ရှိပြီလဲ ဖြစ်ပါတယ် ။ မိုးယံဇွန် ဟာ သူကျောင်းထားပေးထားတဲ့ ကျောင်းသားကျောင်းသူတွေနဲ့ ဇွန် ၁ရက်နေ့က အမှတ်တရ ပုံလေး ရိုက်ပြီး “ဇွန် ၁ကျောင်းတွေစဖွင့်တဲ့နေ့ အိမ်က ဆရာသမားတွေနဲ့ကျောင်းမသွားခင်အမှတ်တရ” ဆိုပြီး သူ့ ရဲ့ အကောင့် မှာ တင်ထားတာကို လည်းတွေ့ရပါတယ်။