BEC-TERO TV

ရဲအရာရှိ ဦးရေ(၅၀)၀န်းကျင် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့သို့ ထပ်တိုးရောက်ရှိ

01 Jun 2017     1,306 Views


မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဒုရဲအုပ်အဆင့်ရဲအရာရှိ ဦးရေ(၅၀)၀န်းကျင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့သို့ ထပ်တိုးရောက်ရှိတယ်လို့ တိုင်းရဲတပ်ဖွဲ့က ပြောကြားလိုက်ပါတယ်။မြန်မာနိုင်ငံရဲတပ်ဖွဲ့ က ရန်ကုန်တိုင်းဒေသကြီးအတွက် ဒုရဲအုပ်အဆင့် ရဲတပ်ဖွဲ့ဝင်(၄၈)ဦးကိုချထားပေးခဲ့တာပါ။

ဒီတပ်ဖွဲ့ဝင်တွေကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ဥပဒေအကြောင်း၊အမှုစစ်၊ နယ်ထိန်း၊ပြည်သူ့ဗဟိုပြုရဲလုပ်ငန်းစဉ်စတဲ့ကဏ္ဍတွေအပါအ၀င် တိုင်းဒေသကြီးအတွင်းက လုပ်ငန်းခွင်အခြေအနေကိုနားလည်သိရှိဖို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံတင်ပြကာ သင်တန်းတစ်လ ထပ်မံသင်ကြားပေးခဲ့ပြီး မေလ(၃၀)ရက်နေ့မှာတော့ သင်တန်းဆင်းပွဲပြုလုပ်တာလို့လည်း ဒုရဲမှူးကြီး မြင့်ထွေးက ပြောပါတယ်။

ဒီတပ်ဖွဲ့ဝင်အရာရှိတွေဟာ ရန်ကုန်တိုင်းဒေသကြီးအပါဝင် တိုင်းဒေသကြီးနဲ့၊ပြည်နယ် အသီးသီးက ရဲတပ်ဖွဲ့ထဲကို ၀င်ရောက်ခဲ့တာဖြစ်ပြီး ဒုရဲအုပ်လောင်းသင်တန်းဆင်းကာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကွပ်ကဲမှုအဖွဲ့မှာ တစ်နှစ်တာဝန်ထမ်းဆောင်ပြီးတာလည်းဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က အခုဒီတပ်ဖွဲ့ဝင်တွေကို မြို့နယ်သီးသီးက ရဲစခန်းတွေကို ခွဲဝေတာဝန်ချထားပေးသွားမှာ ဖြစ်တယ်လို့လည်းသိရပါတယ်။


01 Jun 2017     1,306 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS