BEC-TERO TV

ဆိုင်ကလုန်းမုန်တိုင်းကြောင့်ထိခိုက်ဒဏ်ရာရသူမရှိ

01 Jun 2017     1,275 Views


ဆိုင်ကလုန်မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်စစ်တွေ၊ မောင်တော၊ ရသေ့တောင်၊ မင်းပြား၊ ကျောက်တော်၊ ရမ်းဗြဲမြို့နယ်တို့မှာ ပျက်စီးမှုတွေရှိခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရသူမရှိဘူးလို့ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနက သိရပါတယ်။ မုန်တိုင်းကြောင့် စစ်တွေမြို့လွှတ်တော်ရုံးအဆောက်အအုံပျက်စီးမှုတွေရှိခဲ့သလို ၀န်ထမ်းအိမ်ရာတွေနဲ့အထွေထွေအုပ်ချုပ်ရေးမှူးရုံးဝန်ထမ်းတွေရဲ့ ၀န်ထမ်းအိမ်ရာတွေ ပျက်စီးခဲ့တယ် လို့သိရပါတယ်။

မူလတန်းလွန်ကျောင်းတွေရဲ့ အမိုးတွေ ပျက်စီးသွားသလို မေလ(၃၀)ရက်နေ့ နေ့လည်(၃)နာရီခွဲ အချိန်ထိ ကောက်ယူထားတဲ့အချက်အလက်တွေအရ စစ်တွေမြို့မှာ အမိုးပျက်စီးသွားတဲ့ အိမ်(၃)လုံးရှိပြီး ပြိုကျပျက်စီးသွားတဲ့အိမ်(၁၇)လုံးရှိတယ်လို့ သိရပါတယ်။ ပျက်စီးတာတွေရှိနေပေမယ့် ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့သိရပါတယ်။ပျက်စီးမှုရှိခဲ့တဲ့ မြို့နယ်တွေကို ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနအနေနဲ့ သက်ဆိုင်ရာဌာနတွေနဲ့ ချိတ်ဆက်ပြီး အကူအညီတွေပေးနေတယ်လို့သိရပါတယ်။

မေလ(၃၀)ရက်နေ့ နေ့လည်(၃)နာရီခွဲခန့်အထိ မောင်တောခရိုင်ရဲ့ အပျက်အစီး စာရင်းအတိအကျကို မရသေးဘူးလို့သိရပါတယ်။ ဆိုင်ကလုန်းမုန်တိုင်းမိုရာကြောင့်ချင်းပြည်နယ်က မြို့နယ်များမှာလည်း မိုးရွာသွန်းမှုကြောင့် မြေပြိုတာရှိခဲ့တယ်လို့သိရပါတယ်။


01 Jun 2017     1,275 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS