BEC-TERO TV

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောင်မြင်ရေးအတွက် လှုဒါန်းခဲ့တဲ့ အလှုရှင်များထဲ တွင် တစ်ဦးထဲငွေကျပ် ၃ ဘီလီယံကျော်အထိ လှူဒါန်းသူပါဝင်

01 Jun 2017     1,286 Views


မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ရေးအတွက် အသုံးပြုနိုင်ဖို့ငွေကြေး လှူဒါန်းခဲ့သူတွထဲမှာ တစ်ဦးထဲငွေကျပ် ၃ဘီလီယံကျော်အထိ လှူဒါန်းခဲ့သူပါဝင်ခဲ့တယ်လို့ သိရပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ အသုံးပြုဖို့လှုဒါန်းခဲ့တဲ့ ငွေကြေးတွေနဲ့ပတ်သက်ပြီး နေပြည်တော်ကMICC-2မှာ မေလ၂၉ရက်ကကျင်းပပြုလုပ်ခဲ့တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ(၂၁)ရာစုပင်လုံ ဒုတိယအစည်းအဝေးပိတ်ပွဲမှာ အစိုးရထုတ်ပြန်စာထဲမှာ ပါဝင်ခဲ့တာပါ။

မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးလုပ်ငန်စဉ်တွေမှာအသုံးပြုနိုင်ဖို့ ပြည်တွင်းကအလှုရှင် တွေ ထည့်ဝင်လှုဒါန်းနိုင်ရေးအတွက် နေပြည်တော်ရှိ မြန်မာစီးပွားရေးဘဏ်မှာ ဇန်န၀ါရီလ (၉)ရက်ကနေ ငွေစာရင်းဖွင့်လှစ်လက်ခံခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ မေလ ၁၉ ရက်အထိထည့်ဝင်သူ ပေါင်း ၁၅၀ ကျော်အထိရှိခဲ့ကာ အလှုငွေ(၁၅ ဒသမ ၄၅)ဘီိလီယံအထိရရှိခဲ့တယ်လို့သိရပါတယ်။

အဲဒီလှူဒါန်းမူတွေထဲမှာ အများဆုံးအလှုရှင်အနေနဲ့ငွေကျပ် ၃ ဘီလီယံအထိလှူဒါန်းသူ ပါဝင်ခဲ့ပြီး အနည်းဆုံးအနေနဲ့ငွေကျပ် ၃၀၀၀ အထိ လှူဒါန်းသူတွေ ပါဝင်ခဲ့ကြောင်းသိရပါတယ်။ လက်ရှိလှူဒါန်းမှုတွေကနေရရှိလာတဲ့ အလှူငွေတွေကို သုံးစွဲထားခြင်းမရှိသေးဘူးလို့သိရပါတယ်။ လှူဒါန်းမှုတွေထဲမှာ ငွေကျပ်(၁)ဘီလီယံအထိ လှူဒါန်းသူတွေ၊ငွေကျပ်သန်း ၅၀၀ အထိ လှူဒါန်းသူတွေ လဲပါဝင်တယ်လို့ သိရပါတယ်။


01 Jun 2017     1,286 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS