BEC-TERO TV

လှိုင်သာယာမြို့နယ်၊ ရေအုတ်ကန်ကျေးရွာတွင် သွေးလွန်တုပ်ကွေး ရောဂါ ထိန်းချုပ်နိုင်ဖို့ ကွင်းဆင်းဆောင်ရွက်နေ

30 May 2017     1,326 Views


လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် အမှတ်(၃)အနီးရှိ ရေအုတ်ကန်ကျေးရွာအုပ်စုမှာ သွေးလွန် တုပ်ကွေးရောဂါဖြစ်ပွားသူ(၂၀)ကျော်ရှိခဲ့တာကြောင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေပူးပေါင်းပြီး ရောဂါထိန်းချုပ်ရေးစီမံချက်အနေနဲ့ လူနေအိမ်များမှာ ခြင်ဆေးအဘိတ်ခတ်တာနဲ့ ခြင်ကျားပိုးလောက်လန်းနှိမ်နှင်းရေးကို မေလ(၂၇)ရက်မှာ ကွင်းဆင်းပြီး လုပ်ဆောင်ခဲ့ပါတယ်။ ရောဂါထိန်းချုပ်ရေးစီမံကိန်းအတွင်း လူနေအိမ်တွေ၊အလုပ်သမားတန်းလျားနဲ့ အဆောင်များရှိ နေ့စဉ်မလဲလှယ်နိုင်၊မသွန်နိုင်တဲ့ရေစည်၊ရေကန်၊အုတ်ကန်များကို အလျားအနံအမြင့် တွက်ချက်ပြီး အဘိတ်ဆေးခတ်တာတွေပြုလုပ်ပေးခဲ့ပါတယ်။ခြင်ကျားပိုးလောက်လန်းနှိမ်နှင်းရေး အခြေခံအသိဖြစ်တဲ့ ဖုံး၊သွန်၊လဲ၊စစ်စတာတွေကိုလည်း မြို့နယ်ကျန်းမာရေးဝန်ထမ်းများက အိမ်တိုင်ရာရောက် အသိပညာပေးခဲ့ပြီး အတွင်းပိုင်းကျတဲ့နေအိမ်တွေကို ခြင်ဆေးမှုတ်ပေးခဲ့ပါတယ်။

လှိုင်သာယာမြို့နယ်တစ်ခုလုံး သွေးလွန်တုပ်ကွေးရောဂါထိန်းချုပ်ရေးစီမံချက် လွှမ်းခြုံနိုင်ဖို့ ရပ်ကွက်(၂၀)နဲ့ကျေးရွာအုပ်စု(၉)ခုမှာ ခြင်ကျားပိုးလောက်လန်းနှိမ်နှင်းရေးတွေ ကွင်းဆင်းဆောင်ရွက်မှာဖြစ်တယ်လို့သိရပါတယ်။ယခုနှစ် ဇန်န၀ါရီလကနေမေလအထိ လှိုင်သာယာ မြို့နယ်မှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ (၁၉၀)ကျော်ရှိခဲ့တယ်လို့သိရပါတယ်။ (၂၀၁၇)ခုနှစ် ဇန်န၀ါရီလကနေ မေလ(၁၆)ရက်အထိ ရန်ကုန်တိုင်းဒေသကြီးမှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူဦးရေ(၁၁၆၈)ဦးရှိခဲ့ပြီး သေဆုံးသူ(၅)ဦးရှိတယ်လို့ ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှသိရပါတယ်။


30 May 2017     1,326 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS