“Blank Space” သီချင်းနဲ့ မြူးမြူးကြွကြွသီဆိုယှဉ်ပြိုင်သွားတဲ့ “Jennet Peri” ကို နည်းပြတွေအားလုံး တစ်ညီတစ်ညွတ်ထဲ မှတ်ချက်ပေးခဲ့တာကတော့ ကလေးလေးနဲ့တူတယ် ဆိုတာပါပဲ။
မျက်နှာချိုချိုလေးနဲ့ သီချင်းဆိုတာသာမက ပြဇာတ်တွေမှာ သရုပ်ဆောင်လုပ်ရတာကိုပါ ဝါသနာပါတဲ့ “Jennet Peri” က သီချင်းတွေကို စတင်မြတ်နိုးခဲ့ရပုံနဲ့ သူ့ငယ်ဘဝတလျှောက်လုံး မသိခဲ့တဲ့ အကြောင်းတစ်ခုကို ကြီးလာမှ အဖိုးအဖွားတွေဆီက သိခဲ့ရလို့ အံ့သြမိတဲ့အကြောင်းတွေကို အင်တာဗျူးမှာ ပြောကြားထားပါတယ်။