BEC-TERO TV

အောင်မြေသာစံမြို့နယ်တွင် နဂါးဂိမ်းဆိုင်အား ဖမ်းဆီးအရေးယူ

24 May 2017     1,304 Views


၂၂-၅-၂၀၁၇ ရက်နေ့ ည ၇ နာရီခွဲအချိန် အောင်မြေသာစံမြို့မရဲစခန်းမှူးနှင့် အဖွဲ့၊ မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်တို့ပါဝင်သောပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ လောင်းကစားသတင်းအရ အောင်မြေသာစံမြို့နယ်၊ မေဃဂီရိရပ်ကွက်၊ ၈၁ လမ်း၊ ၁၆x၁၇ လမ်းကြားရှိ ဆန်းထွန်း ၏ (၄)ထပ်တိုက် မြေညီထပ်တွင်ဖွင့်လှစ်ထားသောဂိမ်းဆိုင်အား ၀င်ရောက် စစ်ဆေးရာ တရုတ်နဂါးဂိမ်းစက် ၅ လုံးနှင့် အတူငွေသိမ်းသူ ၁၀ ဦး၊ ဂိမ်းကစားနေသူ ၂၆ ဦး၊ လောင်းကြေးငွေ ၁၁၆၁၃၀၀ ကျပ်နှင့် အခြားဆက်စပ်ပစ္စည်းများ၊ ဆိုင်ကယ်မျိုးစုံ(၉)စီး၊ ဖုန်းမျိုးစုံ(၁၉)လုံးတို့နှင့်အတူတွေ့ရှိ ဖမ်းဆီးရမိသဖြင့် အောင်မြေသာစံမြို့မရဲစခန်းတွင် အမှုဖွင့် စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Source: Mandalay Police


24 May 2017     1,304 Views




RELATED

Most Popular of Special or Others

Most Popular of NEWS