BEC-TERO TV

ညို့စွမ်းအားပြင်းပုံတွေကြောင့် ဝေဖန်ခံရလို့ ပြန်လည်တုံ့ပြန်တဲ့ သူနာပြု

22 May 2017     1,886 Views


ညို့နိုင်ဖမ်းစားလွန်းတဲ့ Selfie ပုံရိပ်တွေကြောင့် မကြာခဏဆို ဝေဖန်ခံနေရတဲ့ ထိုင်ဝမ်းသူနာပြုလေးကအခုဆို ဝေဖန်သူတွေကို “မနာလို လို့ ငါ့လာဝေဖန်နေတယ်” လို့ပြန်လည်ပြောလိုက်ပါပြီး။ လက်ရှိမှာ သူနာပြုအဖြစ် အသက်မွေးဝမ်းကျောင်းပြုနေတဲ့ အသက် ၂၃ နှစ်အရွယ် Carina Linn က အခုလိုမျိုးအွန်လိုင်းမှာ သူဖန်တွေရော၊ ဝေဖန်နေသူတွေကိုပါ အခုလို တုံ့ပြန်ပြောဆိုလိုက်တာပါ။ ယေဘုယျအားဖြင့်ကြည့်မယ်ဆိုရင် ညို့နိုင်လွန်းတဲ့ ကောက်ကြောင်းအလှနဲ့ ပုံတွေနဲ့ သူနာပြုအလုပ် မဆက်စပ်ဘူးလို့ ဝေဖန်သူတွေက ဝေဖန်နေကြတာပါ။

အဆိုပါထိုင်ဝမ်းသူနာပြုမှာဆိုရင် အင်စတာဂရမ်အကောင့်တစ်ခုထဲမှာတင် Follower ပေါင်း ၁၄၀ ၀၀၀ ကျော်ရှိနေသလို ကမ်းခြေ၀တ် ဖက်ရှင်၊၀န်ထမ်းအ၀တ်အစားနဲ့ Sexy Post ဆန်ဆန် မျက်နှာပေး ပုံတွေကိုတင်လေ့ရှိသူပါ။

ဝေဖန်မှုတွေအတွက် ၀န်ထမ်းအ၀တ်အစားပုံနဲ့တကွ “မနာလိုတာလား….?” လို့တုံ့ပြန်လိုက်တာပါ။

တုံ့ပြန်လိုက်တဲ့ စာသားများ

 “ငါကငါ၊သင်ကသင်ပဲလေ၊ ငါလုပ်သမျှတိုင်း ငါစိတ်ချမ်းသာစေတယ်၊ပျော်ရွှင်စေတဲ့အရာကို ငါလုပ်တယ်၊ ငါတစ်ယောက်ပဲ ထူးထူးခြားခြား ပုံမှန်မဟုတ်တာတွေလုပ်နေတယ်လိ့ ငါမထင်မိဘူး၊ငါ့ဘ၀က သာမန်ပါပဲ၊ သာမာန်ရိုးရှင်းတဲ့ဘ၀ကို ငါကိုယ့်ငါ ဦးဆောင်ပြီးရှေ့ဆက်လျှောက်နေတာပါ။ ဘယ်လိုပဲဖြစ်နေပါစေ၊ငါနဲ့ပတ်သက်တဲ့ ထင်မြင်ယူဆချက်တွေ အတွေးအမြင်တွေ သင်တို့အပေါ်မှာ မရှိသင့်ဘူးလေ။ဘာလို့လဲ..သိလား..? ဘာလို့လဲဆိုတော့က ငါ့ဘ၀၊ငါ့အလုပ်ကို အလေးအနက်ထား မြတ်နိုးလို့ပဲလေ။ သင်တို့က ဖုန်းမျက်နှာပြင်နောက်က စိတ်ဆင်းရဲစရာလေးတွေပါ၊ အထူးသဖြင့် ငါ့ကို မနာလိုလို့ တိုက်ခိုက်နေသလို လူတစ်ယောက်ရဲ့ ဘ၀ရှင်သန်အောင်ဖြည့်ဆည်းပေးနေတဲ့ သူကိုမနာလို လို့ပြောနေကြတာ စိတ်ပျက်စရာပါပဲ ”


22 May 2017     1,886 Views




RELATED

Most Popular of Special or Others

Most Popular of NEWS