ခရီးသွားကားပေါ်မှာညစ်ညမ်းကားကြည့်တဲ့ ထိုင်းဘုန်းကြီးရုပ်သံ
22 May 2017 1,474 Views
ဘတ်စ်ကားတစီးပေါ်မှာ ညစ်ညမ်းရုပ်ရှင်ကားကြည့်ခဲ့တဲ့ ထိုင်းဘုန်းကြီးတပါးရဲ့ ရုပ်သံဗွီဒီယိုဖိုင်တစ်ခုကို Wittawat Wonghajuk အမည်ရှိ ထိုင်းအမျိုးသားတစ်ဦးက ကိုယ်တိုင်ရိုက်ကာ လူမှုကွန်ရက်ပေါ်တင်ခဲ့ပြီးနောက်ပိုင်း.အင်တာနက် လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာဝေဖန်မှုတွေမြင့်တက်လာတယ်လို့ Bangkokpost သတင်းစာမျက်နှာမှာ ဖော်ပြထားပါတယ်။အဆိုပါ ရုပ်သံဖိုင်အရ လွိုင်အီခရိုင်ကနေ ဥဒုံဌာနီခရိုင်ဆီအသွားဘတ်စ်ကားတစီးပေါ်တွင် ညစ်ညမ်းဇာတ်ကားကြည့်နေသည့် ထိုင်းဘုန်းကြီးကို မျက်မြင်တွေ့ရှိသူ Wittawat Wonghajuk က ဖုန်းနဲ့ရိုက်ယူကာဖေ့ဘွတ်မှာတင်ထားခဲ့တာပါ။
“ကျေးဇူးပြုပြီးတော့ဒီရုပ်သံဖိုင်ကို မျှဝေပေးကြပါ” လို့လည်း Wittawat Wonghajuk က သူ့ဖေ့ဘွတ်မှာ စာနဲ့တကွ ရုပ်သံဖိုင်ကိုပါတင်ခဲ့တာပါ။Wittawat Wonghajuk ပြောကြားချက်အရ ကားပေါ်မတွင်ရှိနေချိန် ညစ်ညမ်းရုပ်ရှင်ကားထဲမှ လိင်ဆက်ဆံနေကြတဲ့ အသံတွေကို ကျယ်ကျယ်လောင်လောင် ကြားလိုက်ရပြီးနောက်အဆိုပါအသံတွေက ဆယ်ကျော်သက်တယောက်ယောက် ညစ်ညမ်းဇာတ်ကားကို ကားပေါ်မှာ ကြည့်နေတယ်လို့ထင်မိကြောင်း၊ အသံလာရာဆီသို့လှည့်ကြည့်လိုက်စဉ် အသက် ၃၀ အရွယ်လောက်ရှိမယ့် ဘုန်းကြီးတပါးက ကြည့်ရှုနေခဲ့တာကို တွေ့ခဲ့ကြောင်း သတင်းမှာဖော်ပြထားပါတယ်။