ကျောင်းသားနဲ့ကားထဲမှာ လိင်ဆက်ဆံတယ်လို့စွပ်စွဲခံရတဲ့ ဆရာမ
22 May 2017 2,023 Views
အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်က ဓါတုဗေဒ ဆရာမတစ်ယောက် က ကျောင်းသားနဲ့အတူ ကားထဲမှာ လိင်ဆက်ဆံခဲ့တယ်လို့ စွပ်စွဲခံလိုက်ရပါတယ်။စွပ်စွဲခံရသူက ဖလော်ရီဒါပြည်နယ်မှာရှိတဲ့ Port St. Lucie ကျောင်းရှိ ဓာတုဗေဒ ဘာသာရပ်ကို သင်ကြားပြသနေတဲ့ ဆရာမတစ်ယောက် ဖြစ်ပြီး ၁၇နှစ်အရွယ် ကျောင်းသားနဲ့ကားထဲမှာ လိင်ဆက်ဆံခဲ့တယ်လို့ ရဲတပ်ဖွဲ့ဝင်တစ်ဦးက စွပ်စွဲခဲ့ပြီး လက်ရှိမှာတော့ လိင်ပိုင်းဆိုင်ရာပြစ်မှုပုဒ်မတွေနဲ့ ရင်ဆိုင်နေရတာပါ။Port St. Lucie ကျောင်းက အုပ်ချုပ်ရေးအပိုင်းအဖွဲ့ဝင်အသက်၃၅နှစ်အရွယ်ဓာတုဗေဒဆရာမ Tiffany Michelle Geliga ကို စစ်ဆေးခဲ့ပါတယ်။ အဆိုပါပြုကျင့်ခံရသူအသက် ၁၇နှစ်အရွယ်ကျောင်းသား မိဘကသူ့သားထံသို့ အခေါက်ပေါင်းများစွာ စာတိုများပေးပို့ခဲ့ကြောင်း၊ တစ်ခါတစ်ရံ မနက်အစောပိုင်း၁နာရီတွင် ဆရာမက စာတို ပေးပို့လေ့ရှိကြောင်း ဆိုပါတယ်။
ပြုကျင့်ခံရသူကျောင်းသားက သူနဲ့ဆရာမကြား ဘာမှာမသင့်လျှော်တဲ့ အပြုအမှု မရှိကြောင်း၊ သူယုံကြည်ထားတာကတော့ ဆရာမက တစ်ခြားကျောင်းသားနဲ့သာ အခုလိုမသင့်လျှော်တဲ့ ဆက်နွှယ်မှုရှိနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။ ရဲတပ်ဖွဲ့ရဲ့အဆိုအရ ပြီးခဲ့တဲ့ဧပြီ သို့မဟုတ် မေလအစောပိုင်းကာလတွင် ဆရာမကားထဲတွင် Tiffany Michelle Geliga နဲ့ ကျောင်းသားတစ်ဦး လိင်ဆက်ဆံခဲ့ကြောင်း၊ဖြစ်ပျက်ခဲ့သည့်နေရာမှာ ကျောင်းပြင်ပတွင်ဖြစ်ခဲ့ခြင်းဖြစ်ကြောင်းဆိုထားတာပါ။
Tiffany Michelle Geliga နဲ့ ၁၇နှစ်ကျောင်းသားက အပြန်အလှန်စာတိုများပေးပို့ခြင်း၊ ဖုန်းခေါ်မှုမှတ်တမ်းများကို ပြန်ကြည့် စစ်ဆေးရာတွင် Tiffany Michelle Geliga က “ဘယ်သူနဲ့မျှ မရှုပ်ပါဘူး၊မင်းကလွဲရင်ပေါ့” လို့စာတိုပေးပို့ထားတာပါ။ ဒါ့အပြင် West Palm Beach hotel မှာကျောင်းသားနဲ့အတူနေဖို့ဆရာမက ခြိမ်းခြောက်မှုလုပ်ခဲ့တယ်လို့ရဲ့တပ်ဖွဲ့ကဆိုပါတယ်။လက်ရှိမှာတော့ Tiffany Michelle Geliga က လိင်ပိုင်းဆိုင်ရာပြစ်မှုနှစ်ခုအတွက် စွဲချက်တင်ထားခြင်းခံရပါတယ်။ အသက် ၂၄နှစ်အရွယ်ကျောင်းသားနဲ့ အသက် ၁၇နှစ် (သို့)၁၆ နှစ်ရှိ ကျောင်းသားနဲ့ လိင်ဆက်ဆံခဲ့တယ်လို့သတင်းမှာဖော်ပြထားပါတယ်။ $30,000 တန်အာမခံနဲ့အတူ Tiffany Michelle Geliga က ပြီးခဲ့တဲ့ သောကြာနေ့က လွှတ်မြောက်ခဲ့ပါတယ်။