မိဘတွေကိုမရှက်ကြဘူးလားလို့ မေးရမယ့် KFC က ဖြစ်စဉ်
22 May 2017 1,326 Views
တလောက မြန်မာပလာဇာမှာ လင်မယား ၂ ယောက် ၃၀ အောက်ပဲ ရှိအုန်းမယ်။ ကလေးကလဲ ၂ ယောက်ပဲ။ သူတို့ နောက်မှာ အိမ်ဖော် ၂ ယောက်အသင့်ပါတယ်။ ဆိုးလိုက်တဲ့ ကလေးတွေ၊ KFC ဆိုင်ထဲမှာ သောင်းကြမ်းနေကြတာ။ ဘေးနားက စားတဲ့ ကိုယ်တောင် အတော် အနောက်အရှက်ဖြစ်တယ်။ ကလေးမို့ ဆော့တာကို ပြောတာ မဟုတ်ဘူး။ ဟိုဟာ မစားချင်ဘူး၊ ဒီဟာ မစားချင်ဘူးဆိုပြီး အိမ်ဖော်တွေကို အနိုင်ကျင့်၊ အော်ငိုနေကြတာ။ ပါလာတဲ့ အဖေအမေကတော့ ဂရု မစိုက်ဘူး။ သူတို့ ကြက်ကြော် သူတို့ ကိုက်နေလေရဲ့။
ဒီလို အခြေအနေမျိုးကို မိဘတွေက မရှက်ကြဘူးလား မသိဘူး။ အဖေအမေက ကလေး ၂ ယောက်ကို သူတို့ဘာသူတို့ မထိန်းနိုင်ဘူးလား၊ အိမ်ဖော်လို လို့လား စဉ်းစားမိတယ်။ မြန်မာပြည်မှာ ကလေးထိန်း၊ အိမ်ဖော်နဲ့ ကလေးတွေကို ထား၊ အဖေအမေက ကျော့ကျော့လေး ရှေ့က လျောက်သွားတာက တတ်နိုင်တဲ့ အသိုင်းအဝန်းမှာ အတော် ခေတ်စားနေတယ်။ သူတို့ဟာ သူတို့လဲ ရှက်ရကောင်းမှန်း သိပုံ မပေါ်ဘူး။
အိမ်ဖော်နဲ့ ထားတဲ့ ကလေးတွေ အားလုံးဟာ inferior complexity ဝင်ချင်ဝင်၊ မဟုတ်ရင် ခုနလို bully လုပ်ပြီး သောင်းကြမ်းတော့တာပါပဲ။ ခက်တာက အိမ်ဖော်နဲ့ ထားတဲ့သူတွေဟာ အဲလို သောင်းကြမ်းတာဟာ ကလေး သဘာဝလို့ ထင်နေတယ်။ အမှန်က မဟုတ်ဘူးဗျ။ ကလေးတွေဟာ ပုံမှန်ဆို လိမ္မာကြပါတယ်။ သူ့ဟာသူ ဆော့တာတော့ ရှိမပေါ့။ ဒါပေမဲ့ သူတို့ဟာ bully မလုပ်ကြပါဘူး။ ဒါက ကိုယ်တွေ့ပါ။ ဒါပေမဲ့ အဲလို မိဘတွေက မသိကြတဲ့ အပြင်၊ သူများတွေကိုလဲ အိမ်ဖော်ဟာ ဘယ်လို ဂရုစိုက်ကြောင်း၊ ဘယ်လို ငှားရတယ်ဆိုတာက အစ မဲဆွယ်ပါတယ်။ မသိနားမလည်တဲ့ ခုမှ မွေးခါစ လင်မယားတွေဟာ နားယောင်ပြီး အိမ်ဖော်လိုက်ငှား၊ သူတို့ ကလေးတွေလဲ အကုန်ဆိုးနဲ့ သံသရာ လည်ကုန်ပါတယ်။
မြန်မာပြည်မှာ ဒီ အိမ်ဖော် ကလေးထိန်း culture က ဘယ်ကနေ ဘယ်လို ပြန့်မှန်း မသိပေမဲ့ ရန်ကုန် တတ်နိုင်တဲ့ အသိုင်းအဝိုင်းမှာ အတော်ကို ပြန့်နေပါတယ်။ ပလာဇာ လာတဲ့ မြန်မာမိသားစုတွေ ကြည့်လိုက်၊ ကလေးတွေ အကုန် ကလေးထိန်း တွဲလောင်းနဲ့။ ကလေးကို ရင်ခွင်မှာ လွယ်ပြီး ကိုယ်တိုင်ထိန်းနေတဲ့ ယောကျာ်းမိန်းမ တွေ့လိုက်ရင် အဖြူကောင်တွေပဲ များတယ်။
နိုင်ငံတကာမှာလဲ nursery တွေ ရှိပေမဲ့ မြန်မာပြည်ရဲ့ ကလေးထိန်း ပြသနာဟာ ကလေးထိန်းတွေ education နှိမ့်နေတာပါပဲ။ သူများ nursery တွေဟာ ဘွဲ့ရ professional တွေက ထိန်းပေမဲ့၊ ဒီမှာကျ တောက တက်လာတဲ့ အိမ်ဖော်တွေကိုပဲ ဈေးချိုချိုနဲ့ ငှားကြပါတယ်။ တကယ့် pro တွေကို သိန်း ၁၀ ဂဏန်းလောက်နဲ့ ငှားထားတဲ့ မိဘတွေတော့ ရှိပေမဲ့၊ အများစုကတော့ ဒအလွယ်တကူ အိမ်ဖော်ပဲ ငှားလိုက်ပါတယ်။ ဒီတော့ ကလေးဟာ အိမ်ဖော်ကို အနိုင်ကျင့်ပါတယ်။ နောက်ကျ သူများတွေကိုပါ အနိုင်ကျင့်လို့ရတယ်လို့ ထင်သွားပြီး လုံးဝ bully ဖြစ်သွားပါတယ်။ တချို့ကလေးတွေကျ အိမ်ဖော်နဲ့ သွားတန်းညှိပြီး bully မဟုတ်ပေမဲ့ အငုံ့စိတ် ဝင်သွားပြန်ရော။ ဈေးပေါတဲ့ ကလေးထိန်းတွေနဲ့ ထားပြီး အဲလို မဖြစ်တဲ့ ကလေး တယောာက်မှကို မတွေ့ဖူးသေးဘူး။
ဒါတွေ ဘာကြောင့် ပြောနေရတာလဲဆိုရင် ကလေးတွေကို အိမ်ဖော်နဲ့ထားတာ သူတို့ ဥာဏ်ရည်ဥာဏ်သွေးနဲ့ personal development ကို ဆိုးရွားစွာ ထိခိုက်စေလို့ပဲ။ ကျွန်တော်တို့ အဖေအမေ ခေတ်တုန်းက ဘယ်သူမှ အိမ်ဖော်နဲ့ မထားဘူး။ ကျွန်တော်တို့ ခေတ်မှ ဘယ်ကမှန်းမသိ ပေါ်ပင် ဖြစ်လာတဲ့ ဒီ culture ကြီးရဲ့ vicious circle ကို တနည်းနည်းနဲ့ ရပ်တန့်အောင် ကြိုးစားသင့်တယ် မဟုတ်လား။
(လာအုန်းမယ် အောက်မှာ "working" mother တွေ။ အလုပ်လုပ်ရလို့ ကလေးထိန်းနဲ့ ထားရတာပါဆိုပြီး အွန်လိုင်းမှာ မျက်ရည်ချူမယ်။ ပြီးရင် ပလာဇာ အပျော်လာတာတောင် ကိုယ်တိုင် ထိန်းလို့ရလျက် ဘယ်သွားသွား ကလေးထိန်းကိုခေါ်၊ ကိုယ်ကျ ကလေးကို လက်ဖျားနဲ့တောင် မတို့တဲ့သူတွေ)
Source: Myint Kyaw Thu