မိုင်၆၀၀၀ကျော် ဖြတ်ကျော်ကာ ချစ်ရတဲ့ ကောင်လေးကိုသွားတောင်းတဲ့ အွန်လိုင်းချစ်သူ
19 May 2017 1,736 Views
အချစ်အတွက် မိုင်၆၀၀၀ကျော်ဖြတ်ကာ ချစ်ရတဲ့ ရွာသားလးကိုသွားရောက် တောင်းရမ်းတဲ့သတင်းလေးကို တင်ပြပေးလိုက်ပါတယ်။ အီတလီနိုင်ငံMonte Blancoမှာစားပွဲထိုးလုပ်နေတဲ့ Ilariaဆိုတဲ့ကောင်မလးက တစ်နေ့မှာတော့အွန်လိုင်းကနေတစ်ဆင့် ကောင်လေးတစ်ယောက်ကို တွေ့ရှိခဲ့ပါတယ်။အဆိုပါကောင်လေးအမည်ကတော့Dzulfikar ပါ။နေထိုင်ရာနေရာကတော့ အင်ဒိုနီးရှားနိုင်ငံကကျေးရွားလေးတစ်ရွာမှာပါ။ အလှမ်းဝေတဲ့ နေရပ်နှစ်ခုကြားက ချစ်ဇာတ်လမ်းလေးအစပြုလိုက်ပါပြီ။ပြသနာကတော့ အကွာအဝေးပါ။ကောင်မလေးနေထိုင်ရာ အီတလီနဲ့ကောင်လေးနေထိုင်ရာအင်ဒိုနီးရှားကကျေးရွာတို့ကြား အကွာအဝေးက 6,915 miles (11,129 kilometers) ရှိပါတယ်။ အဲ့အကွာအဝေးအတွက် သွားဖို့ဆိုတာ ငွေကြေးများစွာရှိသလို၊ကောင်လေးကို တောင်းယူဖို့အတွက်လည်း ဒိုးပြာတွေလိုတာပေါ့။နောက်ဆုံးမှတော့Ilaria ဆုံးဖြတ်ချက် ချလိုက်ပါတယ်။ ရှာတယ်၊စုတယ်၊ရှာတယ်၊စုတယ်၊အချစ်အတွက်ပေါ့။နှစ်နှစ်ကြာတဲ့အခါမှာတော့ကောင်လေးရှိရာ အင်ဒိုနီးရှားဂျာဗားကို ရောက်အောင်သွားနိုင်ခဲ့ပါပြီ။
ပြီးခဲ့တဲ့ ဧပြီ လမှာ ကောင်လေးရှိရာရောက်ဖို့Ilaria တစ်ယောက်လေယာဉ်ကို အီတလီကနေ ၁၇နာရီကြာစီးခဲ့ရပါတယ်။နောက်ဆုံးမှာတော့ချစ်ရတဲ့သူတွေ ကြည်နူးစွားပေါင်းစည်းနိုင်ခဲ့ပါတယ်။