ဒီချုပ်နာယက ကျန်းမာရေးသတင်း မကြာမီ ထုတ်ပြန်ပေးမည်
19 May 2017 1,316 Views
ရန်ကုန် ပြည်သူ့ဆေးရုံကြီး ၊အထူးကြပ်မတ်ကုသဆောင်၌ ဆေးကုသမှုခံယူနေသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဦးတင်ဦး၏ ကျန်းမာရေးအခြေအနေ ကောင်းမွန်လာပြီးမကြာခင် သတင်းထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း မေလ ၁၉ ရက်နေ့လယ်ပိုင်းကသိရသည်။
"အခြေအနေကောင်းလာပါတယ်၊နောက်သတင်းထုတ်မှာပါ။အခြေအနေတော်တော်ကောင်းလာတယ်။ဆေးရုံးကြီးက သတင်းထုတ်မှာပါ။မကြာခင်သတင်းထုတ်မှာပါ" ဟုကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက လာရောက်ကြည့်ရှုစဉ်ပြောကြားခဲ့သည်။
ယနေ့နံနက်ပိုင်းတွင် ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ၏ဇနီး ဒေါက်တာရွှေလွှမ်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးတို့ သည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဦးတင်ဦးလာရောက်ကြည့်ရှု ခဲ့ကြသည်။အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဦးတင်ဦး ကျန်းမားရေးပိုင်းဆိုင်ရာကောင်းမွန်လာစေရန်အတွက်လည်း ရွှေတိဂုံဘုရားတွင်ဆုတောင်းပွဲပြုလုပ်ခဲ့သလို၊တိုင်းနှင့်ပြည်နယ်များတွင်လည်း ဆုတောင်းပွဲများပြုလုပ်ခဲ့သည်။
Source: ပြည်မြန်မာ၊NewsWatch