မြန်မာနိုင်ငံသားအချို့ မလေးရှားတွင်ဖမ်းဆီးခံရ
19 May 2017 1,371 Views
၁၇.၅.၂၀၁၇ က မလေးရှား ကေအယ်မြို့ရှိ အကြီးဆုံးအိုင်တီရှော့ပင်းမော တစ်ခုဖြစ်သည့်Lowyat ပလဇာတွင်လဝကညွှန်ကြားရေးမှူးချုပ်ကိုယ်တိုင်ပါဝင်သော အထူးဖမ်းဆီးရေးတစ်ခု ဆောင်ရွက်ခဲ့ကြောင်း JIM Facebookတွင်ဖော်ပြထားခဲ့သည်။
အဆိုပါအော်ပရာစီကို မလေးရှားလဝက ညွှန်ကြားရေးမှူးချုပ် ဒါတွတ်စရီဟာဂျီမတ်စတာဖာ ကိုယ်တိုင်ပါဝင် ဦးဆောင်ခဲ့ပြီး တရားမဝင်လုပ်ကိုင်လျှက်ရှိသော နိုင်ငံခြားသားလုပ်သား ၁၂၅ ဦးဖမ်းဆီးခဲ့ကြောင်းလဝကမှ သတင်းထုတ်ပြန်ထားသည်။ထို ၁၂၅ ဦးထဲတွင် မြန်မာနိုင်ငံသားအပါအဝင် နိုင်ငံ ၈ နိုင်ငံမှ တရားမဝင်လုပ်သားများပါဝင်ပြီး အမျိုးသမီး ၁၀ ဦးပါဝင်ကြောင်းလဝကစာမျက်နှာတွင်ရေးသားထားခဲ့သည် ။
လဝက အရာရှိမှ လုပ်ငန်းရှင်များအား တရားမဝင်လုပ်သားများ မခန့်အပ်ရန် သတိပေးထားပြီးဖြစ်ကြောင်း ၊ ထို့အပြင် လွန်ခဲ့သော ဖေဖော်ဝါရီလ မှ စတင်ပြီး e-kad အစီအစဉ် ဖြင့်တရားမဝင်လုပ်သားများအား တရားဝင် ခန့်အပ်နိုင်ရန် အခွင့်ရေးပေးထားပြီးဖြစ်ကြေင်း၊ ဖမ်းဆီးသော သူများတွင် ထိုအစီစဉ်ဖြင့်မှတ်ပုံတင်ထားသောသူ များမပါဝင်ကြောင်း ၊အဆိုပါ e-card (e-kad) အစီအစဉ် အားလာမည့် ဇွန်လ ၃၀ ရက်နောက်ဆုံးထားဆောင်ရွက်နိုင်ကြောင်း ကိုလည်း အရာရှိမှဖြည့်စွက်ပြောကြားသွားခဲ့သည်။