BEC-TERO TV

ဒိတ်ဒိတ်ကြဲအောင်မြင်လာဖွယ်ရှိတဲ့ Dynasty Warriors 9

18 May 2017     1,571 Views


နာမည်ကျော် Game Series တစ်ခုဖြစ်တဲ့ Dynasty Warriors series ရဲ့ နောက်ဆုံးထွက် Dynasty Warriors 9 က Series သမိုင်းတစ်လျှောက် Open World Game အနေနဲ့ပွဲထွက်လာမယ်လို့ Koei Tecmoက ပြောဆို ထုတ်ပြသွားပါတယ်။ အရင်လို သူရဲကောင်း၁ယောက်နဲ့ စစ်သည်၁ထောင်လောက်ချတဲ့ Gameplayကိုတော့ ပြောင်းသွားမှာမဟုတ်ပါဘူး။

ကစားသူအနေဖြင့် ကြိုက်နှစ်သက်ရာ ဇာတ်ကောင်ကိုကိုင်ပြီး သူ့အသက်ရှင်ခဲ့တဲ့ ကာလမှာနေထိုင်ကာ တရုတ်ပြည်ကြီးအနှံ့သွားကာ စစ်ပွဲတွေဝင်ဆင်နွဲရမှာပါ။ ဥပမာ ကစားသူအနေဖြင့် Lu Bu ကိုင်ခဲ့ပါက Lu Bu အသက်ရှင်ခဲ့တဲ့ နှစ်အပိုင်းအခြားထဲကစစ်ပွဲတွေကိုဝင်ရောက်ချနိုင်မှာဖြစ်ပြီး Ma Chao ကိုင်ပါက Ma Chao ရဲ့သက်တမ်းကစစ်ပွဲတွေချနိုင်မှာပါ။

အဲ့လို ကစားသူသွားနေတဲ့နေရာဒေသမှာလဲ ထိုကာလကဖြစ်တဲ့ စစ်ပွဲတွေနဲ့သူရဲကောင်းတွေအကြောင်းကို ဒေသခံတွေကပြောဆိုနေမှာဖြစ်ပါတယ်။အရင် DW 4နဲ့5 မှာပါခဲ့တဲ့ မြားပစ်တဲ့ Gameplay အပြင် DW 6 ရဲ့ ရေကူးလို့ရနိုင်တဲ့ Gameplay အသစ်တွေသာမက ယခုအခါမှာ နန်းတော်တံတိုင်းတွေကိုတွယ်တက်နိုင်တဲ့ ချိတ်သေနတ်တွေပါ ပါဝင်လာမှာဖြစ်ပါတယ်။ပတ်ဝန်းကျင်နဲ့လိုက်ပြီး ကစားသူရဲ့တိုက်ကွက်တွေပြောင်းနိုင်သလို ဆီပုံးတွေနေ့တွေညတွေရဲ့အားသာချက်ကိုပါ အသုံးချနိုင်မှာပါ။

ကစားသူအနေနဲ့ လမ်းလျှောက်ရုံတင်မဟုတ် မြင်းကိုစီးပြီး တရုတ်ပြည်ကြီးကိုပတ်နိုင်ရုံမျှမက မြစ်ဆိပ်က သဘောင်္တွေအသုံးပြုက မြို့တွေကိုသွားလာနိုင်ပြီး အခြား Open World Gamesများကဲ့သို့ Fast Travelling System ကိုပါ ထည့်ရှိရန် စီစဉ်နေတယ်လို့ Developer Omega Force က ပြောကြားပါတယ်။Gameထဲမှာလည်း ရာသီဥတုနေ့နဲ့ညကအချိန်နဲ့အမျှပြောင်းလဲနေမှာလဲဖြစ်ပါတယ်။

Dynasty Warriors 9 မှာ လောလောဆယ် ၄၀ရာခိုင်နှုန်းခန့်ပြီးစီးနေပြီးဖြစ်ပါတယ်လို့ Developersတွေကပြောကြားထားပါတယ်။ ကိုင်တွယ်ကစားနိုင်တဲ့Charactersတွေအဖြစ် အရင်DW gamesတွေထဲက အကုန်ပြန်ပါလာမည်ဖြစ်ပြီး အသစ်အနေဖြင့် Shu အတွက် Zhao Cang နဲ့ Wu အတွက် Chang Pu တို့ပါဝင်လာမှာပါ။ Dynasty Warriors 9 ကို လောဆယ် PS4 အတွက်သာထွက်ရှိမယ်လို့ကြေညာထားပြီး အခြားPlatformsတွေအတွက်တော့မပြောကြားသေးပါ။

Source: WikiBook


18 May 2017     1,571 Views




RELATED

Most Popular of Special or Others

Most Popular of NEWS