၉ နှစ်အရွယ် မိန်းကလေးကို ခြိမ်းခြောက်အဓမ္မပြုကျင့်သည့် အမျိုးသား
15 May 2017 1,308 Views
အိမ်အတွင်း အိပ်ပျော်နေသည့် ၉ နှစ်အရွယ် မိန်းကလေးကို ‘နင့်အမေတိုင်ရင် သတ်ပစ်မည်’ ဟု ခြိမ်းခြောက်ကာ အတင်းအဓမ္မ ပြုကျင့်ခဲ့မှု ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်တွင်ဖြစ်ပွားခဲ့ကြောင်းသိရှိရပါတယ်။.
“ပြစ်မှုကျူးလွန်ခဲ့တဲ့ အမျိုးသားက မိန်းကလေးကို မဖွယ်မရာ လုပ်ပြနေတာတွေ့လို့ မေးမြန်းရာက သိခဲ့ရတာပါ၊ သူကျူးလွန်ခဲ့တာကတော့ ၄ လပိုင်းကပဲ၊ ရက်ကတော့ မမှတ်မိဘူးလို့ မိန်းကလေးကနေ ပြန်ပြောပြတာ၊ ဒီနေ့ မနက်ပိုင်း မိန်းကလေးရဲ့အမေက အမှုဖွင့်ခဲ့တာ၊ အမှုဖွင့်ပြီးပြီးချင်း ပြစ်မှုကျူးလွန်တဲ့ အမျိုးသားကို သွားဖမ်းထားတယ်၊ ကလေးကိုလည်း ဆေးစစ်ဖို့ လုပ်နေပါတယ်” ဟု ကျောက်တန်းမြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။အသက် ၉ နှစ်အရွယ် မိန်းကလေးအား ခြိမ်းခြောက်အဓမ္မပြုကျင့်ခဲ့သည်ဟု ဆိုသော အမျိုးသားကို ကျောက်တန်းမြို့မ ရဲစခန်းမှ (ပ) ၃၁၆/၁၇ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၇၇ ဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။ Source: The Voice