စိတ်မကောင်းပါဘူးကလေးရယ် နောက်ဘ၀မှာ ဒီလိုအဖြစ်မျိုး မကြုံရပါစေနဲ့
12 May 2017 1,353 Views
"တရားနဲ့တော့ဖြေတာပဲ ကလေးကံပေါ့လို့လေ ဒါပေမယ့် ဘယ်လိုပင်တရားနဲ့ဖြေဖြေနောက်ဆုံးရလဒ်ကတော့ ဆေးရုံကိုစောစောရောက်သော်ငြားလည်း သင်္ကြန်ရုံးပိတ်ရက်ပြန်မဖွင့်သေးတာကြောင့် တာဝန်ရှိသော ခွဲစိတ်ဆရာဝန်မကြီးမှ ဆေးရုံသို့မလာခဲ့ပါဘူး ကလေးဆုံးတဲ့နေထိပါပဲ လက်ထောက်ခွဲစိတ်ဆရာဝန်မကြီးက လာကြည့်သော်ငြားလည်း ခွဲဖို့ခွင့်ပြုမိန့်မပေးသေးလို့တဲ့ ဆေးတလုံးသွင်းပီးစောင့်ာကည့်ရမယ်ဆိုပီး အချိန်ဆွဲထားခဲ့တယ် အချိန်ဆွဲထားပီး သူတို့စောင့်ကြည့်နေလို့ ငါ့သမီးလေးဆုံးရတာ ဆုံးခါနည်းမှ အမေရေ ကလေးအသက်အန္တရာယ်ရှိနေပီနော်တဲ့ အဲ့တော့ငါတို့လိုအမေတွေက ဘာလုပ်ရတော့မှာလဲ ကလေးအသက်ထွက်ဖို့ကို ထိုင်ကြည့်နေရုံပဲပေါ့
ဆေးရုံတက်တုန်းက အူပြန်စွပ်လို့ ပြန်တက်တာပါ ၁၉.၄.၂၀၁၇ ညဘက်စဖြစ်တယ် ၂၀.၄.၂၀၁၇ ညနေဘက်မှ ရန်ကုန်ကိုရောက်တယ် ဘားအံကနေဖြစ်ဖြစ်ခြင်း ရန်ကုန်ကိုအပြေးသွားခဲ့တာပါ သမီးလေးဆုံးတာ၂၃.၄.၂၀၁၇ ကြားထဲမှာ ကလေးကစိုးရိမ်ရပါတယ်လို့လဲ တခွန်းမပြောခဲ့သလို ဆေးထိုးချိန်မှလွှဲပီးကျန်တဲ့အချိန် ကိုယ်ဘာသာကိုယ့်ကလေးအခြေနေကြည့်ပီးပြုစုခဲ့ရတယ်
ညဘက်ကလေးကိုယ်တအားပူလို့ ဘယ်သူ့ကိုမှလဲခေါ်ဖို့ ရှာမတွေ့ခဲ့ရပါဘူး တစ်နာရီလောက်ဆို သူတို့ဘယ်နားသွားအိပ်မှန်းမသိခဲ့တာပါ သူတို့သာသေချာလုပ်ပေးခဲ့ရင်ငါ့သမီးလေး ခုလိုအသက်ဆုံးရုံးရမှာ မဟုတ်ဘူး သူတို့ရဲ့အလေးမထားမှု ပေါ့ဆမှု မနိုင်ဝန်တွေကို လောဘတကြီး သူတို့တာဝန်ယူထားလို့ ခုလိုဖြစ်ရတာ ခံပြင်းလွန်းတယ်သမီးရေ
ငါ့သမီးလေး စဖြစ်တဲ့နေ့ကစပြီး ဆုံးတဲ့နေ့ထိရေမသောက်ခဲ့ရဘူး သူတို့ခုပဲခွဲစိတ်တော့မလိုလိုနဲ့ ရေမတိုက်ခဲ့ရဘူး ရေဘူးလေးကိုကြည့်ကြည့်ပီး မေမေ့ဆီက ရေလှန်းလှန်းတောင်းတဲ့ မေမေ့သမီးလေးမျက်နှာကို မေမေဘယ်တော့မှမမေ့ဘူးသမီးရေ သမီးလေးကိုအဲ့ဆေးရုံတင်ခဲ့မိလို့ ခုလိုဖြစ်ရတာ အခကြေးငွေတော့မတောင်းပဲ သမီးလေးတို့လိုကလေးတွေကို စမ်းသပ်ခံများ သတ်မှတ်ထားလေတလားပဲ
မေ့သမီးလေးအဖြစ်ကဆိုးလွန်းလှတယ် သမီးလေးလိုပဲ ကလေးဘယ်နှရောက်ရဲ့ အသက်စတေးခဲ့ပီးပီလဲမသိဘူး သမီးရေ သူတို့သာမေမေတို့ကြုံတွေ့ရသလိုအဖြစ်ဆိုးမျိုး မကြုံတွေ့ကြပါစေနဲ့လို့ ဆုတောင်းပေးမိတယ် ဆေးရုံမှာမေမေတယောက်နေ့ရောညပါကြုံတွေ့ခဲ့လို့ မေမေ အသိဆုံးပါ မေမေတယောက်ပဲစောင့်နေရတာဖြစ်တဲ့အတွက် အိမ်သာတောင်မသွားခဲ့ရပါဘူး သမီးလေးတယောက်ထဲကျန်ခဲ့မှာကြောက်လို့လေ သမီးလေးဆွဲဖြုတ်လို့အပ်တွေပြုတ်ကုန်မှာလဲဆိုးတယ် မေမေ့သမီးလေးကသွေးကြောရှာရခက်တဲ့အတွက်သူများတွေတချက်အဖေါက်ခံရရင် မေမေ့သမီးလေးက ဆယ့်ငါးချက်လောက်အဖောက်ခံရတယ် သူတို့ကတော့ သူတို့မကျွမ်းကျင်တာကို ဝန်မခံပဲ မေ့သမီးလေးကပဲ ရုန်းလို့သူတို့ဖောက်ရခက်သလိုပြောကြတယ် မေမေလဲငိုသမီးလေးလဲငိုခဲ့ရတယ်
မေ့သမီးလေးဟာမသေသင့်ပဲသေခဲ့ရတယ်ဆိုတာ မေမေအသိဆုံးဖြစ်သလိုသူတို့လဲအသိဆုံးဖြစ်မှာပါ ..ဒီစာကိုသူတို့များဖတ်မိရင် ကိုယ့်လိပ်ပြာကိုယ်လုံကြပါစေလို့ ဆုတောင်းမိပါရဲ့ အချိန်တိုင်းသမီးကိုလွမ်းတဲ့စိတ်ခံပြင်းလွန်းလို့ကိုယ့်ရင်ကိုယ်ထုနေရတဲ့ အမေတယောက်ရဲ့ခံစားချက်မျိုးကို မခံစားရပါစေနဲ့...ဘဝဆက်တိုင်းငါ့သမီးလေးလိုအဖြစ်ဆိုးမှကင်းဝေးပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ဆရာမတို့ရယ်…"
Credit : Pan Dora
နောက်ဘ၀မှာ ဒီလို အဖြစ်ဆိုးမျိုးနဲ့ မကြုံရပါစေနဲ့ကွယ် ....