BEC-TERO TV

မိုးကြိုးနဲ့ လေပြင်းဒဏ်ကြောင့် သုံးရက်အတွင်း လူကိုးဦးသေ

09 May 2017     1,320 Views


မြန်မာနိုင်ငံအနှံ့ ရင်ဆိုင်နေရတဲ့ မိုးကြိုးနဲ့ လေပြင်းဒဏ်တွေကြောင့် မေလ ၅ ရက်မှ ၇ ရက်အတွင်း သေဆုံးသူ ကိုးဦးရှိပြီး ကျွဲ ၊ နွား အကောင်ရေ ၂၀ ခန့် ဆုံးရှုံးခဲ့ရတယ်လို့ 7 Day သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းအရ သိရပါတယ်။

မကွေးတိုင်း ပေါက်မြို့နယ်မှာ မေလ ၆ ရက်က မိုးကြိုးပစ်ခံရမှုကြောင့် တစ်ကြိမ်တည်း လူလေးဦး သေဆုံးခဲ့ပြီး တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဟုမ္မလင်းမြို့မှာလဲ လေပြင်းကြောင့် သစ်ပင်လဲကာ ၈ နှစ်အရွယ်ကလေးတစ်ဦး သေဆုံးခဲ့ရပါတယ်။

လေပြင်းကြောင့် နေအိမ်ပျက်စီးမှုများ ဆက်လက်ဖြစ်ပေါ်နေပြီး ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဦးစီးဌာနရဲ့ စာရင်းများအရ စစ်ကိုင်း ၊ မကွေး နဲ့ ဧရာဝတီ တိုင်းဒေသကြီး ၊ ရှမ်းနဲ့ ကယားပြည်နယ်တို့မှာ မေလ ၅ ရက်ကနေ ၇ ရက်အတွင်း နေအိမ် ၅၀၀ ခန့် ပျက်စီးခဲ့တယ်လို့ 7Day သတင်းမှာ ဖော်ပြပါရှိပါတယ်။

ယခုရက်ပိုင်းအတွင်း လေထုမတည်ငြိမ်မှု ဖြစ်စဉ်ကြောင့် လေပြင်းနဲ့ မိုးကြိုးအန္တရာယ်ကို သတိပြုရန် မိုးလေ၀သနဲ့ ဇလဗေဒ ပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးမှုတွေ ပြုလုပ်ထားပါတယ်။

Credit : 7daydaily.com


09 May 2017     1,320 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS