YBS ယာဉ်ဟောင်းများပြန်ရောင်းချကာ ယာဉ်သစ်များအစားထိုးဝယ်ယူမည်
09 May 2017 1,456 Views
YBS ၂၁ ယာဉ်လိုင်းဖြစ်သော ပါဝါတစ်ဆယ့်တစ် ကုမ္ပဏီ အနေဖြင့် ၁၉၉၆ မော်ဒယ် City Bus များရောင်းချသွားမည်ဖြစ်ပြီး ယခင်ယာဉ်ဟောင်းများနေရာတွင် ယာဉ်သစ်များအစားထိုးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
“ ကျွန်တော်တို့ရဲ့ ပါဝါတစ်ဆယ့်တစ် ကုမ္ပဏီရဲ့ YBS ၂၁ ယာဉ်လိုင်းမှာ ယာဉ်ဟောင်းတွေကို ယာဉ်သစ်နဲ့ အစားထိုးပြေးဆွဲဖို့အတွက် ၁၉၉၆ မော်ဒယ် City Bus များကို ရောင်းချ သွားမှာပါ။အမျိုးအစားကတော့ISUZU အမျိုးအစား 8 PE 1 အင်ဂျင် CNG ၇၀၀ လီတာဖြစ်ပါတယ်။ရောင်းချမယ့်တန်ဖိုးကတော့ တစ်စီးကို သိန်း၈၀ ပါ”လို့YBS ၂၁ ယာဉ်လိုင်းဖြစ်သော ပါဝါတစ်ဆယ့်တစ် ကုမ္ပဏီမှာတာဝန်ရှိသူ ကိုတရုတ်လေးကပြောကြားခဲ့သည်။
ရန်ကုန်မြို့နေ့ ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စေရေးအတွက် ယာဉ်ဟောင်းများကိုရောင်းချ၍ ယာဉ်သစ်များအားလုံးဖြစ်အော င်ဆောင်ရွက်ရန်အတွက် ရောင်းချခြင်းဖြစ်ကြောင်းကိုတရုတ်လေး ကထပ်လောင်းပြောကြားခဲ့သည်။