YBS အခက်တွေ့နေခြင်းမှာ နိုင်ငံရေးပယောဂများပါဝင်နေဟုဆို
28 Apr 2017 1,377 Views
ဧပြီ ၂၇ ရက်တွင် ပြုလုပ် သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေး၌ အင်းစိန်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးဝေ ဖြိုးဟန်၏ ‘‘ရန်ကုန်တိုင်းဒေသ ကြီးအတွင်း အများပြည်သူသယ် ယူပို့ဆောင်ရေးစနစ်အား ယခု ထက် ပိုမိုကောင်းမွန်လာစေရေး နှင့် ထိရောက်သော စည်းမျဉ်း စည်းကမ်းများနှင့်အညီ အရေးယူ ဆောင်ရွက်ပြီး လုပ်ငန်းဆောင် ရွက်ချက်များအား အများပြည်သူ သိရှိနိုင်ရေး ပွင့်လင်းမြင်သာမှုရှိ စွာ ချပြနိုင်ရန် တိုင်းဒေသကြီးအ စိုးရအဖွဲ့အား တိုက်တွန်းကြောင်း အဆို’’ နှင့်စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေး ချက်များအပေါ် ဝန်ကြီး ဒေါ်နီလာ ကျော်က ပြန်လည်ဖြေရှင်းရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ ခြင်းဖြစ်သည်။ ‘‘အခုဖြစ်နေရတဲ့အခက်အ ခဲတွေမှာ၊ ကျွန်မတို့ကြုံတွေ့နေရ တဲ့ အခက်အခဲတွေမှာ ရိုးရိုးသား သားဖြစ်တာတွေ ရှိသလိုပဲ ရိုးရိုး သားသားဖြစ်တဲ့ ယာဉ်တိုက်မှုတို့ ဘာတို့ဖြစ်သလိုပဲ YBS ကို မ အောင်မြင်စေချင်တဲ့ ပယောဂ တွေနဲ့ ဖန်တီးတဲ့အခက်အခဲတွေ ကိုလည်း ကျွန်မတို့အနေနဲ့ ရင်ဆိုင်ဖြေရှင်းနေရတာ ဖြစ်ပါတယ်။
ဒီလို မအောင်မြင်စေချင်တဲ့ ဥစ္စာမှာနိုင်ငံရေးပယောဂတွေပါသလိုပဲ ကျွန်မတို့ အရင် မထသလက်ထက်ကလို ကိုယ်ရကိုယ်ယူစနစ်နဲ့ ကားတွေကို ပုတ်ပြတ်ပေးပြီးတော့ ယာဉ်တွေကို ဆယ်စီးလောက်၊ ဆယ့်ငါးစီးလောက် ထောင်ပြီးတော့ ဒီဒရိုင်ဘာတွေ၊ စပယ်ယာတွေကို ပုတ်ပြတ်ပေးပြီးတော့ တာဝန်ယူမှု၊ တာဝန်ခံမှုမရှိဘဲနဲ့ ရပ်တည်နေချင်တဲ့သူတွေကလည်း ကျွန်မတို့ YBS ကို မအောင်မြင်စေချင်တဲ့အထဲမှာ ပါဝင်ပါတယ်။ ကျွန်မတို့မှာ ဒီအခက်အခဲတွေကိုလည်း ရင်ဆိုင်ဖြေရှင်းရပါတယ်။ ကျွန်မတို့ ပြောင်းလဲတာဟာ ပြည်သူလူထုကို ကောင်းမွန်အောင် စိတ်ဆန္ဒနဲ့ ပြောင်းလဲတာ ဖြစ်ပါတယ်’’ဟု ဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။ ဝန်ကြီးဒေါ်နီလာကျော်၏ အဆိုပါပြောကြားချက်နှင့် ပတ်သက်၍ လူမှုကွန်ရက်စာမျက်နှာတွင် ရန်ကုန်မြို့ခံအများစုက လက်မခံကြောင်း ကန့်ကွက် ရေးသားခဲ့သည်။ YBS သည် ယခင်မထသစနစ်ကို ဖျက်သိမ်းရန် ဆောင်ရွက်ခဲ့သော်လည်း လက်ရှိတွင် YBS ယာဉ်မောင်းအချို့နှင့် ယာဉ်နောက်လိုက်အချို့၏ခရီးသည်အပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်မှုများနှင့် ပတ်သက်၍ ထိထိရောက်ရောက် အရေးယူမှု အားနည်းနေကြောင်း ပြည်သူများက ထောက်ပြပြောကြားသည်။
‘‘နိုင်ငံရေး ပယောဂလည်း မဟုတ်ဘူး။ လုပ်တာ နည်းစနစ် မကျဘဲ လုပ်ခဲ့တာ။ အဲဒါအကုန် လုံးသိတယ်။ ကားတွေမရှိဘဲ လုပ် ခဲ့တယ်။ အခုလည်း ကားတွေလာ မယ်ပြောပြီး မလာသေးဘူး။ အ ရင် မထသစနစ်ကမှ ပိုကောင်း မယ်ထင်တယ်။ အခုနောက်ပိုင်း YBS ကားတွေက တော်တော် လေးဆိုးလာတယ်။ လူဦးရေသိန်း ချီလည်ပတ်နေတဲ့ ယန္တရားကြီးကို ချက်ချင်းရပ်ပြီး လုပ်ခဲ့တာ ဘယ် လိုမှ မဖြစ်နိုင်ဘူး။ အချိန်ယူပြီးမှ လုပ်ရမယ့်ဟာလေ။ အခုမှ မ အောင်မြင်တော့မှ နိုင်ငံရေးပယောဂလို့ ပြောလာတာ’’ဟု
ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် နေ ကိုအောင်မြင့်ထွန်းက ပြော သည်။ ဒဂုံမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဆွေး နွေးပြောဆိုခဲ့သည့် ‘ပြည်သူစိတ် ပျက် YBS’ ဆိုသည့်အသုံးအနှုန်း ကို လက်မခံကြောင်းနှင့် YBS စနစ်မအောင်မြင်ကြောင်း ပြောဆိုရန် စောလွန်းသေးကြောင်း ဝန်ကြီး ဒေါ်နီလာကျော်က ထပ်မံပြော ကြားသည်။ ‘‘YBS က မအောင်မြင်ဘူး။ ကျရှုံးတယ်ဆိုတဲ့ စကားကိုတော့ ကျွန်မတို့လက်မခံပါဘူး။ ကျွန်မ တို့က တစ်နှစ်တာ စီမံကိန်းနဲ့ ဆောင်ရွက်နေတာ အခုမှ သုံးလပဲရှိပါသေးတယ်။ အဲဒီလိုဆောင် ရွက်ဆဲကာလတစ်ခုမှာ ဒီလိုမျိုး ဆုံးဖြတ်ချက်စောတဲ့ စကားလုံး မျိုးကို မသုံးစွဲစေချင်ပါဘူး’’ ဟု ဒေါ်နီလာကျော်က တုံ့ပြန်ပြော ကြားခဲ့သည်။ ရန်ကုန်မြို့တွင် လူဦးရေ ခုနစ်သန်းခန့်ရှိရာ နေ့စဉ် လူဦးရေ နှစ်သန်းငါးသိန်းကျော်က လမ်း များပေါ်တွင် သွားလာနေပြီး နေ့ စဉ် လူဦးရေ ၂၂ သိန်းခန့် ဘတ်စ် ကားစီးနေကြောင်း ဝန်ကြီးက ဆိုသည်။ YBS စီမံကိန်းသည်လည်း သုံးလစီမံကိန်းမဟုတ်ဘဲ တစ်နှစ် စီမံကိန်းသာဖြစ်ကြောင်း ဝန်ကြီး က ဆိုသည်။ ဧပြီ ၂၄ ရက်တွင် ပြုလုပ် သည့် ရန်ကုန်တိုင်းလွှတ်တော်အ စည်းအဝေး၌ YBS အဆိုနှင့် ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ် ၂၆ ဦးက ပါဝင်ဆွေးနွေးခဲ့ သည်။ လွှတ်တော်ကိုယ်စားလှယ် များက YBS အဆိုကို ဆွေးနွေးခဲ့ ခြင်းသည် အစိုးရအဖွဲ့ကို ဝေဖန် တိုက်ခိုက်နေခြင်းမဟုတ်ဘဲ အစိုး ရအဖွဲ့၏လုပ်ငန်းဆောင်ရွက်မှု လွဲမှားမှုများရှိပါက အပြန်အလှန် ထိန်းကျောင်းနေခြင်းသာ ဖြစ် ကြောင်း YBS အဆိုဆွေးနွေးတင် သွင်းသည့် လွှတ်တော်ကိုယ်စား လှယ် ဦးဝေဖြိုးဟန်က လွှတ်တော်တွင် ပြောကြားသည်။
‘‘နိုင်ငံရေးပယောဂ ဖန်တီး နေတဲ့သူတွေဟာ လွှတ်တော်နဲ့ အစိုးရကြားမှာ ပဋိပက္ခဖြစ်အောင်၊ အထင်အမြင်လွဲအောင် ဆောင် ရွက်နေတာတွေကိုလည်း အစိုးရ အနေနဲ့ နားလည်ဖို့ အရေးကြီးပါ တယ်။ လွှတ်တော်ကိုယ်စားလှယ် တွေကတော့ဖြင့် အစိုးရကို အခက်အခဲဖြစ်အောင် လုပ်နေပြီ၊ အကျပ် ရိုက်အောင် လုပ်နေပြီဆိုတဲ့ အယူအဆမျိုး အစိုးရမှာ မရှိမှ ကျွန် တော်တို့ ရှေ့ဆက်ဆောင်ရွက်တဲ့ နေရာမှာ အဆင်ပြေစေမှာပဲဖြစ် ပါတယ်’’ဟု ဦးဝေဖြိုးဟန်က ပြောသည်။
ထို့အပြင် မြို့နယ်အချို့တွင် ည ဘက်၌ YBS ယာဉ်လိုင်းပြေးဆွဲ နိုင်ခြင်းမရှိသည်မှာ လုံခြုံရေး ကြောင့် ဖြစ်သည်ဟု ဝန်ကြီး၏ မှတ်ချက်စကားကို လက်မခံနိုင် ကြောင်း လွှတ်တော်ကိုယ်စား လှယ်က ပြန်လည်တုံ့ပြန်ခဲ့သည်။ ‘‘ဒဂုံတောင်ပိုင်းမြို့နယ်မှာ ညဘက်မို့ YBS ကားတွေ မဝင်ရဲပါ ဘူး။ YBS စနစ်ကို နှောင့်ယှက်တဲ့ သူတွေ၊ အရင်စနစ်ကိုပဲ ပြေးဆွဲ ချင်တဲ့သူတွေက အမျိုးမျိုးရန်ပြု တဲ့အတွက်၊ လုံခြုံရေးအကာအ ကွယ်လည်း ပြည့်စုံလုံလောက်မှု မရှိတဲ့အတွက် ညပိုင်းရောက်လို့ ရှိရင် အဲဒီဘက် တချို့သော ရပ် ကွက်တွေကို မဝင်ရဲတာဖြစ်ပါ တယ်’’ဟု ဝန်ကြီးက ဆိုသည်။ ယင်းပြောကြားချက်ကို အင်း စိန်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ် ဦးဝေဖြိုးဟန်က ဝန်ကြီး ၏ လုံခြုံရေးဆိုသည့် အကြောင်း ပြချက်ကို လက်မခံနိုင်ကြောင်း တုံ့ပြန်ဆွေးနွေးခဲ့ပြီး အစိုးရအဖွဲ့ က လုံခြုံရေးကို စိုးရိမ်နေမည်ဆို လျှင် ပြည်သူများက ပိုဆိုးလိမ့် မည်ဟု လွှတ်တော်၌ ပြောကြားခဲ့ သည်။ ဦးဝေဖြိုးဟန် တင်သွင်း သည့် YBS အဆိုကို ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်က ကန့် ကွက်သူမရှိ အတည်ပြုခဲ့သည်။ အဆိုကို လွှတ်တော်က အတည်ပြု လိုက်သဖြင့် အစိုးရအဖွဲ့က ယင်း အဆိုကို မဖြစ်မနေ အကောင်အ ထည်ဖော်ဆောင်ရွက်ရန် တာဝန် ရှိသွားပြီဖြစ်သည်။
Credit : 7daydaily