BEC-TERO TV

ရန်ကုန်မင်္ဂလာဈေးဝင်းရှိ ကေတီဗီနှင့် ဖျော်ဖြေရေးလုပ်ငန်းများ ပိတ်သိမ်းပြောင်းရွှေ့

26 Apr 2017     1,320 Views


မင်္ဂလာဈေးတွင် ဖွင့်လှစ်နေသည့် နိုက်ကလပ်ခုနစ်ခုနှင့် ကေတီဗီတစ်ခုကို ဧပြီ ၁၁ ရက် အထိ ခွင့်ပြုခဲ့ပြီးနောက် ဧပြီ ၁၂ ရက်ကစတင်၍ ရဲတပ်ဖွဲ့နှင့် စည်ပင်ဝန်ထမ်းများက ဆိုင်ခန်းများပိတ် သိမ်းရန် အင်အားသုံးဖြေရှင်းခဲ့ကြောင်း နိုက်ကလပ်မန်နေဂျာတစ်ဦးက ပြော သည်။ယခုအခါ ကေတီဗီနှင့် ဖျော်ဖြေရေး လုပ်ငန်းတစ်ဝက်ခန့် ပြောင်းရွှေ့နေပြီး အချို့က လုပ် ငန်းပိတ်ထားပြီး ပြောင်းရွှေ့မှုမ ရှိသေး၍ စည်ပင်သာယာက အ ခန်းများကို သော့ပိတ်ထားသည်။ အဆိုပါ ဆိုင်ခန်းများ ပိတ် သိမ်းရန် ၂၀၁၆ က ဆိုင်ခန်းပိုင် ရှင်များနှင့် တာဝန်ရှိသူအချို့ကို ခေါ်ယူဆွေးနွေးပြီးနောက် ယခု နှစ် ဧပြီ ၂၆ ရက်တွင် လုပ်ငန်း ပစ္စည်းများ ပြောင်းရွှေ့ရန် ညွှန် ကြားထားကြောင်း ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော် မတီ၊ ဈေးများဌာန (တောင်ပိုင်း ခရိုင်) တ၀န်ရှိသူတစ်ဦးက ပြော သည်။

‘‘ဆိုင်ခန်းပိတ်ရတဲ့အ ကြောင်းကတော့ ဒီမှာ စီမံကိန်း တချို့လုပ်ဆောင်စရာရှိလို့ ပိတ် တာပါ။ ဧပြီ ၁၁ ရက်အထိ ဖွင့် ကြသေးတယ်။ ၁၂ ရက်ညမှာ တော့ လုံးဝဖွင့်ခွင့်မပေးတော့ဘူး။ ၂၆ ရက်မှာ နောက်ဆုံးထားပြီး ပစ္စည်းတွေသိမ်းဖို့ ပြောထားပါ တယ်။ မသိမ်းတဲ့ဆိုင်တွေကို လည်း တရားဥပဒေအတိုင်း ဆောင်ရွက်မှာပါ’’

ဟု ၎င်းက ပြောသည်။ မင်္ဂလာဈေးဝင်းတွင် တည်း ခိုခန်းနှင့် ဟိုတယ်များကို ယခင် အတိုင်း ဖွင့်လှစ်ခွင့်ပေးထားပြီး ကေတီဗီနှင့် နိုက်ကလပ်များကို သာ ဖယ်ရှားရန် ညွှန်ကြားထား ကြောင်း ဈေးများဌာနမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။ ‘‘အခုဆိုင်တွေ ပိတ်လိုက် တော့ ၀န်ထမ်းတွေ အရင်ဆုံးထိ ခိုက်တယ်။ လုံခြုံရေးအကြောင်းပြ ပြီးပိတ်မယ်ဆိုရင်တော့ မှား တယ်။ ရန်ဖြစ်တဲ့သူတွေ၊ ဆေး သမားတွေ၊ ရဲတွေ ဖမ်းတိုင်းမိနေ တာပဲ။ သူတို့တွေကို ဘယ်သူတွေ က ပြန်လွှတ်လိုက်တာလဲ။ ဆိုင် ခန်းတွေပိတ်ပြီး ဘယ်မှာပြန်ဖွင့်ရ မလဲမပြောသေးတော့ ၀န်ထမ်း တွေဒုက္ခရောက်တယ်’’ဟု နိုက် ကလပ်တစ်ခုတွင် ၁၀ နှစ်ကျော် မန်နေဂျာလုပ်ကိုင်ခဲ့သူ အမျိုး သားတစ်ဦးက ပြောသည်။

အဆိုပါဝင်းတွင် စီးပွားရေး စင်တာတည်ဆောက်ရန် ၂၀၁၆ စက်တင်ဘာ ၁၅ ရက်ကစတင်၍ မင်္ဂလာဈေးဝင်းအတွင်း ကေတီဗီ နှင့်ဖျော်ဖြေရေး (ကလပ်)လုပ်ငန်း များ ပြောင်းရွှေ့ပေးရန် စာပေးပို့ ထားပြီး ယခုလုပ်ငန်းများကို ဈေး များဌာနက နှစ်ရှည်၊ လ ပေးစာ ချုပ်များဖြင့် ငှားရမ်းထားကြောင်း ဈေးများဌာန (တောင်ပိုင်းခရိုင်) တာဝန်ခံတစ်ဦးက ပြောသည်။

Credit : 7daydaily


26 Apr 2017     1,320 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS