BEC-TERO TV

စာတိုက်လုပ်ငန်းမှအွန်လိုင်းဈေးဝယ်ခြင်း၊ မိုဘိုင်းငွေကြေး ပေးပို့ခြင်းလုပ်ငန်းများတိုးချဲ့မည်

25 Apr 2017     1,456 Views


စာတိုက်လုပ်ငန်းများတိုးချဲ့လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ တစ်နှစ်တာခရီးအစီအစဉ်များ ထုတ်ပြန်ထားချက်များအရ သိရှိရသည်။ငွေပို့လွှာလုပ်ငန်း၊ အွန်လိုင်းဈေးဝယ်ခြင်းလုပ်ငန်းနှင့် မိုဘိုင်းငွေကြေးပေးပို့မှုများကို တိုးချဲ့လုပ်ကိုင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။နိုင်ငံတော်၏ အထိမ်းအမှတ်နေ့ရက်များအတွက် စာပို့တံဆိပ်ခေါင်းများ၊ ပို့စ်ကတ်များကိုအထူးထုတ်လုပ်ပေးလျှက်ရှိကြောင်း သိရှိရသည်။

ဗိုလ်ချုပ်ဆောင်ဆန်းပုံရိုက်နှိပ်ထားသည့် အထူးထုတ်တံဆိပ်ခေါင်းနှင့် တံဆိပ်ခေါင်းစာအိတ်များအား မတ်လ ၁၇ ရက်တွင်စတင်ကာရောင်းချခဲ့သည်။နိုင်ငံခြားဝန်ကြီးဌာန နှစ်(၇၀)ပြည့်အထိမ်းအမှတ်အဖြစ် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပထမဆုံးဝန်ကြီးဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းပုံရိုက်နှိပ်ထားသည့် အထူးထုတ်စာပို့တံဆိပ်ခေါင်းပါစာအိတ် ၅၀၀ ကျပ်တန်တို့ကိုရောင်းချခဲ့ခြင်းဖြစ်သည်။စာတိုက်လုပ်ငန်းဖွံ့ဖြိုးလာစေရန် ဂျပန်နိုင်ငံ၏အကူညီများရယူဆောင်ရွက်လျှက်ရှိကြောင်း သိရပါတယ်။ပြည်တွင်းနှင့် အပြည်ပြည်ဆိုင်ရာအမြန်ချောပို့လုပ်ငန်းများကို မှတ်ပုံတင်စနစ်ဖြင့် ပြည်တွင်းပြည်ပလုပ်ငန်းလုပ်ငန်းရှင်များကို ခွင့်ပြုလုပ်ကိုင်စေလျက်ရှိကြောင်း သိရသည်။

Credit : ဆုမြတ်


25 Apr 2017     1,456 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS