YBS အကြောင်း ဆွေးနွေးသည့် အစည်းအဝေးသို့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ခွင့်တိုင်ကြား
25 Apr 2017 1,362 Views
YBS အဆိုကို လွှတ်တော်ကိုယ်စားလှယ် ၂၆ ဦးဆွေးနွေးမည့် လွှတ်တော်အစည်းအဝေးသို့ ဦးဖြိုးမင်းသိန်း တက်ရောက်ခြင်းမရှိဘဲ တာဝန်ထမ်းဆောင်ရန်ရှိသဖြင့် ခွင့်တိုင်ကြားခြင်းဖြစ်သည်ဟု ရန်ကုန် တိုင်းဒေသကြီးလွှတ်တော် လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေး ကော်မတီက တင်ပြသည်။ YBS နှင့်သက်ဆိုင်သည့်အဆို ဆွေးနွေးချိန်တွင် လျှပ်စစ်၊ စက်မှု လက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်တစ်ဦးတည်း သာရှိနေ၍ ၀န်ကြီးချုပ်နှင့် အခြားဝန်ကြီးများ တက်ရောက်မှု မရှိခြင်းအပေါ် စိတ်မကောင်းဖြစ်မိကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်က လွှတ်တော်သို့ ပြောကြားသည်။
‘‘ရန်ကုန်တိုင်း အစိုးရအဖွဲ့ ကို တိုက်တွန်းတဲ့အဆိုမှာ အစိုးရ အဖွဲ့ဝင်တွေ ယခုထက်ပိုရှိသင့်ပါ တယ်။ အခုလိုနည်းနေတာ စိတ် မကောင်းပါဘူး’’
ဟု အထက်ပါ တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ်က ဆွေးနွေးမှုအစတွင် ထည့်သွင်းပြောကြားသည်။ ထို့အပြင် ကရင်တိုင်းရင်း သားရေးရာဝန်ကြီး နော်ပန်းသဉ္ဇာ မျိုးသည် ဧပြီ ၂၄ ရက် လွှတ် တော်အစည်းအဝေးသို့ ခွင့်တိုင် ကြားခြင်းမရှိဘဲ ပျက်ကွက်ခဲ့သည် ဟု လွှတ်တော် ကိုယ်စားလှယ် များ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌက လွှတ်တော်သို့ ပြောသည်။ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း သည် ဧပြီ ၂၄ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် နယ်သာလန် နိုင်ငံမှ ပြန်လည်ရောက်ရှိလာ သည့် ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူအား ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်သို့ သွား ရောက်ကြိုဆိုခဲ့ကြောင်း နိုင်ငံပိုင် ရုပ်သံမီဒီယာက ည ၈ နာရီသ တင်း၌ ကြေညာသည်။ YBS အဆိုကို ပါဝင်ဆွေး နွေးသည့် လွှတ်တော်ကိုယ်စား လှယ် ၂၆ ဦးသည် ရန်ကုန်တိုင်းဒေ သကြီး လွှတ်တော်တစ်နှစ်ကျော် သက်တမ်းအတွင်း ဆွေးနွေးသူ အရေအတွက်စံချိန်တင် အများ ဆုံးဖြစ်ခဲ့ပြီး အစည်းအဝေးကျင်း ပချိန်သည် နံနက် ၁၀ နာရီမှ ည နေ ၅ နာရီခန့်အထိ ကြာမြင့်ခဲ့ သည်။
လွှတ်တော် ကိုယ်စားလှယ် အများစုသည် လက်ရှိ YBS စနစ် ကို ကြိုဆိုသော်လည်း ပြည်သူ လူထုနှင့် လွှတ်တော်သို့ အသိပေး မှုအချိန်နည်းပါးခဲ့ခြင်း၊ ကြိုတင် ပြင်ဆင်မှုအားနည်းခဲ့ခြင်း၊ စီမံခန့် ခွဲမှုလွဲချော်နေခြင်း စသည့်အချက် များကြောင့် ရန်ကုန်မြို့ရှိ နေ့စဉ် ဘတ်စ်ကားစီးနင်းသူ နှစ်သန်း ကျော်သည် အခက်အခဲများစွာနှင့် ရင်ဆိုင်နေရကြောင်း ဝေဖန် ထောက်ပြခဲ့ကြသည်။ ‘‘ပြည်သူ စိတ်ပျက် ၀ိုင်ဘီအက်စ် ဖြစ်နေ ပါပြီ’’ ဟု ဒဂုံမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ်ဦးကျော်ဇေ ယျက ပြောသည်။ ပြည်သူလူထုသည် YBS စနစ် စတင်သည့် ရက်များတွင် အဆင်မပြေမှု အခက်အခဲများကို တတ်နိုင်သည့်ဘက်က ပူး ပေါင်းပါဝင် ဖြေရှင်းခဲ့ကြသော် လည်း သုံးလကျော်သည်အထိ ပြောင်းလဲမှုမရှိသေး၍ အစိုးရအ ပေါ် အားမလိုအားမရ ဖြစ်နေပြီး ယုံကြည်မှု လျော့နည်းလာ ကြောင်း လွှတ်တော်ကိုယ်စား လှယ်များက ထည့်သွင်းဆွေးနွေး သည်။
‘‘မူဝါဒရေးရာ မပြည့်စုံတာ ပဲဖြစ်ဖြစ်၊ အကောင်အထည်ဖော် မှု နှောင့်နှေးတာပဲဖြစ်ဖြစ် ပေါ် ပေါက်လာတဲ့ စိန်ခေါ်မှုအပြောင်း အလဲကို အရင်ဆုံးခံစားရတာ ပြည်သူတွေပဲ ဖြစ်ပါတယ်’’
ဟု ပန်းဘဲတန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ် ဒေါ်စိုးပပ လှိုင်က ပြောသည်။ မထသ မှ YBS စနစ်ပြောင်း လဲလိုက်ပြီးနောက် ပြည်သူများ သည် အဆင့်ဆင့်စီးနင်းရသော ကြောင့် ယာဉ်စီးခ ပိုမိုကုန်ကျ ခြင်း၊ ည ၈ နာရီကျော်သည်နှင့် ကြားဝင် ပြေးဆွဲသော ကားများမှအပ ဘတ်စ်ကား ရှားပါးခြင်း၊ ယာဉ်မောင်း၊ ယာဉ်နောက်လိုက် များ၏ ရိုင်းပျစွာဆက်ဆံမှုကိုခံနေရခြင်း စသည့် အခက်အခဲများ ကိုနေ့စဉ် ရင်ဆိုင်နေရ၍ စနစ် သစ်သည် အားသာချက်ထက် အားနည်းချက်က ပိုမိုများပြားနေ ကြောင်း လွှတ်တော်ကိုယ်စား လှယ်အချို့က ထောက်ပြသည်။ ‘‘ဘယ်လောက်ပဲ အဆင် မပြေပြေ ကိုယ့်အစိုးရဆိုပြီး ကြိတ်မှိတ်ခံနေရတဲ့ ပြည်သူတွေ ကို မြင်ရတဲ့အခါ ပိုပြီးရင်နာရပါ တယ်။ အခြေခံပြည်သူတိုက်ရိုက် သက်ဆိုင်တဲ့ စနစ်တစ်ခုပြောင်း တယ်ဆိုတာ မပြောင်းခင်လည်း အချိန်ယူဖို့လိုပါတယ်။ ပြောင်းပြီး တော့လည်း စောင့်ကြည့်လေ့လာ သုံးသပ်ပြီးတော့ ပိုမိုကောင်းမွန် တဲ့ Step by Step (တစ်ဆင့်ပြီး တစ်ဆင့်) ကိုသွားရမှာပါ။
အခု ၀န်ကြီးချုပ်ကြီးက ပထမသုံးလ ပတ်ကို ပထမအဆင့်လို့ ပြောပါ တယ်။ သုံးလဆိုတာ စကားအရာ အရ အရမ်းပဲတိုတောင်းတယ် ထင်ရပေမယ့် နေ့စဉ်ခရီးသွား ပြည်သူတွေအတွက် သုံးလဟာ တော်တော်ကြာမြင့်ပါတယ်’’ ဟု ကျောက်တံတားမြို့နယ် မဲဆန္ဒ နယ်အမှတ်(၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ် ကြည်ပြာက ပြောသည်။ YBS စနစ်ပြောင်းလဲရာတွင် လိုက်ပါလိုခြင်းမရှိသည့် ပုဂ္ဂိုလ် များကို သတ္တိရှိစွာ လက်တွဲဖြုတ် ထားခဲ့ပြီး ရဲရင့်စွာ ရှေ့ဆက်သင့် ကြောင်းနှင့် ကုန်ဆုံးခဲ့သည့် သုံး လတာကာလကို ပြန်လည်သုံး သပ်ကြည့်ပါက YBS သည် ပြု ပြင်ရန် ပိုမိုထင်ရှားလာသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း လွှတ် တော်ကိုယ်စားလှယ်အချို့က အ ကြံပြုဆွေးနွေးသည်။ ‘‘လက်ရှိအချိန်ထိ ယာဉ် စီးခ ပိုတောင်းတာတွေ၊ ယာဉ် လိုင်းမလောက်တာတွေက ဖြစ် ပေါ်နေတုန်းပါ။ YBS နဲ့ ပတ် သက်လို့ စနစ်မစခင်မှာ လွှတ် တော်မှာ ကြိုတင်ဆွေးနွေးခွင့်ရ မယ်ဆိုရင် ပိုကောင်းမယ်ဆိုတာ သံသယရှိစရာမလိုပါဘူး’’ ဟု ဒဂုံ မြို့သစ်(တောင်ပိုင်း)မြို့နယ် မဲ ဆန္ဒနယ်အမှတ် (၁) မှ တိုင်းဒေသ ကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ပြောသည်။ ရန်ကုန်တိုင်းဒေသကြီးအစိုး ရအဖွဲ့အနေဖြင့် ကြီးမားကျယ် ပြန့်သည့် ပြည်သူလူထုနှင့် သက် ဆိုင်သော စီမံကိန်းများ၊ အ ပြောင်းအလဲများလုပ်ဆောင်မည် ဆိုပါက လွှတ်တော်အား အလေး ထားတင်ပြ၍ ဆွေးနွေးရန် လို အပ်ကြောင်းနှင့် YBS စနစ်အ ကြောင်း ငါးရက်သာကြိုတင်အသိ ပေးခဲ့ခြင်းအပေါ် လွှတ်တော် ကိုယ်စားလှယ်များက ဝေဖန်ခဲ့ သည်။
YBS အဆိုဆွေးနွေးသည့် အစည်းအဝေးတွင် ၀န်ကြီးချုပ် မတက်ရောက်သည့်အပေါ် သီး ခြားမှတ်ချက်မပြုလိုသော်လည်း ကိုယ်စားလှယ် ၂၆ ဦးအလေး အနက်ထားဆွေးနွေးချက်များကို တက်ရောက်နားထောင်ပါက ပိုမို ကောင်းမွန်ကြောင်း အဆိုတင် သွင်းသူ ဦးဝေဖြိုးဟန်က လွှတ် တော်အပြီး၌ သတင်းထောက်များ အား ပြောသည်။ အဆိုပါလွှတ်တော်အစည်း အဝေးသို့ ၀န်ကြီးချုပ်ဦးဖြိုးမင်း သိန်းပျက်ကွက်ခဲ့ခြင်းအပေါ်ဖေ့စ် ဘွတ်ခ်သုံးစွဲသူများက ဝေဖန်ခဲ့ ကြပြီး 7 Day News Journal စာ မျက်နှာမှ အွန်လိုင်းသတင်း အောက်တွင် ခေါင်းဆောင်ပီသ သည့် လုပ်ရပ်မဟုတ်ကြောင်း မှတ်ချက်ပြုရေးသားသူအချို့ရှိခဲ့ သည်။ အထက်ပါ YBS အဆိုကို လွှတ်တော် ကိုယ်စားလှယ်များ ဆွေးနွေးပြီးချိန်တွင် သက်ဆိုင်ရာ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်း ပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီ လာကျော်က ကိုယ်စားလှယ်များ ၏ ဆွေးနွေးချက်များကို ဧပြီ၂၇ ရက်တွင် ပြန်လည်ဆွေးနွေးတင်ပြမည်ဟု ပြောကြားခဲ့သော ကြောင့် အဆိုကို ဆုံးဖြတ်ရန် ရက်ရွှေ့ဆိုင်းခဲ့သည်။ လွှတ်တော် အစည်းအဝေး များတွင် အဆိုတစ်ရပ်ဆွေးနွေးပြီး ပါက အဆိုကို အတည်ပြုခြင်း၊ မပြုခြင်း၊ မှတ်တမ်းတင်ထားရှိ ခြင်း စသည်ဖြင့် ပြုလုပ်လေ့ရှိ သော်လည်း YBS အဆိုကို ဆုံး ဖြတ်ရန် ရက်ရွှေ့ဆိုင်းခဲ့သည်။
Credit : 7daydaily