မဟာသင်္ကြန်အတက်နေ့ ရန်ကုန်တွင်လမ်းလျှောက်ရေပက်သင်္ကြန်ပွဲ ဆင်နွှဲမည်
15 Apr 2017 1,346 Views
မဟာသင်္ကြန်အတက်နေ့ (မနက်ဖြန်) မှာပြုလုပ်မယ့် Yangon Splash Walk (လမ်းလျှောက်သင်္ကြန်) ကို ညနေ ၃ နာရီခွဲအချိန်တွင် စတင်ဆင်နွှဲမည်ဖြစ်ပြီး လမ်းလျှောက်ရေပက်ကြမယ့် အဆိုပါအစီအစဉ်မှာ Open Stage နဲ့ ဖျော်ဖြေရေးအစီအစဉ်တွေပါဝင်မယ်လို့ သိရပါတယ်။
အတက်နေ့ ညနေ (၃)နာရီခွဲမှာ မဟာဗန္တုလပန်းခြံ စုရပ်ကနေ ၃၇လမ်း ၊ ၃၈ လမ်း ၊ ဆိပ်ကမ်းသာလမ်း ၊ ၃၉ လမ်း ၊ လမ်း ၄၀ တို့ကို ကုန်သည်လမ်းကနေ ဗိုလ်ချုပ်လမ်းထိပ်ထိ လမ်းလျှောက်ရေပက်ကစားကြမှာ ဖြစ်ပါတယ်။
အဆိုပါ အစီအစဉ်မှာ လူတိုင်းအခမဲ့ပါဝင်နိုင်ပြီး လမ်းတစ်လျှောက်မှာ Open Stage ဖျော်ဖြေရေးအစီအစဉ် ရေဖြည့်နိုင်တဲ့နေရာတွေနဲ့ ဓာတ်ဆားရည်၊ အချိုရည်သောက်နိုင်မယ့် နေရာတွေလည်း စီစဉ်ပေးထားတယ်လို့ သိရပါတယ်။
Ref:5Plus
Photo:2016