မန္တလေးသင်္ကြန်တွင် အကြီးအကျယ် စီးပွားဖြစ်နေကြသူများ
15 Apr 2017 1,337 Views
မန္တလေးမြို့တော်စည်ပင်သာယာ နယ်နမိတ်အတွင်းမှာ ကော်မီတီ၏ခွင့်ပြုချက်မရပဲ မည်သူမျှ မော်တော်ယဉ်ရပ်နားခ၊ မော်တော်ယဉ်စောင့်ရှောက်ခ ကောက်ခံခြင်းမပြုရဆိုပြီး တားမြစ်ထားပါတယ်။
လမ်းလျောက်သင်္ကြန် လာတဲ့ယဉ်တွေအတွက် ယဉ်ရပ်နားခ ၊ မော်တော်ယဉ်စောင့်ရှောက်ခတို့ကို မည်သူတွေကို အခွန်ကောက်မည်မျှသွင်းစေပြီး ခွင့်ပြုထားတယ်ဆိုတာ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်မှု တစ်စုံတရာ မတွေ့ရှိခဲ့ရပါဘူး။
၂၇ လမ်းနဲ့ ၂၈ လမ်းကြား ဆိုင်ကယ်အပ်ခံဌာနတွေဟာ မြို့တော်စည်ပင်၏ ခွင့်ပြုချက် တစ်စုံတစ်ရာ ဖေါ်ပြထားခြင်းမရှိဘဲ ယဉ်ရပ်နားခ၊ မော်တော်ယဉ်စောင့်ရှောက်ခ ကောက်ခံနေတာကိုတွေ့ရပါတယ်။ အစပိုင်းမှာ ဆိုင်ကယ်တစ်စီးကို ၅၀၀ ကျပ်နှင့်အအပ်ခံရာက နောက်ပိုင်းမှာ တစ်စီးနှစ်ထောင်အထိဈေးမြင့်ခဲ့ပါတယ်။
သည်နှစ်မှာ မန္တလေး သင်္ကြန်ကို အောင်မြင်စွာဆောင်ရွက်နိုင်ပြီလို့ဆိုရမှာပါ သည်အတွက် မြို့တော်စည်ပင်က ငွေကုန်ကြေးကျအများကြီးရှိပါသည်။ မြို့သူမြို့သားတွေလဲ ငွေကုန်ကြေးကျများရှိပါတယ်။
ငွေမြိုးမြိုးမြက်မြက် ရရှိသွားသူတွေကတော့ မြို့တော်စည်ပင်သာယာရေးဥပဒေ (သို့) စည်းကမ်းသတ်မှတ်ချက်တွေကို ချိုးဖောက်ပြီး ယဉ်အပ်ခံဖွင့်ထားတဲ့သူတွေနဲ့ ရိုက်စားလုပ်ထားတဲ့မြိုတော်စည်ပင်ဝန်ထမ်းတွေဖြစ်တယ်ဆိုတာ ဖေါ်ပြလိုပါတယ်။
မန္တလေး မြို့တော်စည်ပင်အခွန်ဌာနဟာ အခွန်အရပ်ရပ်ကိုတိုးမြှင့်ကောက်ခံရန် ရည်မှန်းလုပ်ဆောင်ခဲ့သော်လည်း မန္တလေးမြို့တော်စည်ပင် အခွန်ဌာနရဲ့အကြီးမားဆုံး လုပ်ငန်းဖြစ်တဲ့ မန္တလေး မြို့ဝင်လေးဂိတ်မှာတော့ ၁၀% သာအခွန်ပိုမိုရခဲ့တာဖြစ်ပါတယ်။
Credit-Zaw Min