အင်းစိန်-ဆူးလေ YBS စပါယ်ရှယ်သီးသန့်ယာဉ်လိုင်း စတင်ပြေးဆွဲ
07 Apr 2017 1,552 Views
ယာဉ်အစီးရေး ၃၀ နှင့် ရန်ကုန်မြို့တွင်း ပြေဆွဲမည် YBS စပါရှယ်သီးသန့် ယာဉ်လိုင်းတစ်ခုကို ဧပြီလ ၄ ရက်(ယနေ့)မှ စတင်၍ ပြေးဆွဲနေကြောင်း ပါဝါအလဲဗင်းအများပိုင်ဘတ်စ်ကား ကုမ္ပဏီထံမှ သိရှိရသည်။
အဆိုပါယာဉ်လိုင်းကို အင်းစိန်-ဆူးလေ ခရီးစဉ် ပြေးဆွဲမည်ဖြစ်ပြီ ခရီးသည်များကို ထိုင်ခုံအတိအကျသာ တင်ဆောင်မည်ဖြစ်သည်။ သီသန့်ယာဉ်လိုင်းများတွင် ယာဉ်မောင်းတစ်ဦးသာပါရှိမည်ဖြစ်ပြီး ယာဉ်စီးခကိုလည်း သတ်မှတ်ထားခြင်းမရှိပဲ ဝန်ဆောင်မှုနှင့် ကိုက်ညီသည့် နှုန်းကိုသာ ထည့်ပေးပါဟု ယာဉ်ပေါ်တွင် စာတန်းချိပ်ရေးသားထားကြောင်း သိရှိရသည်။
ပါဝါအလဲဗင်းအများပိုင်ကုမ္ပဏီသည် YBS (၂၁)ယာဉ်လိုင်းကို ပြေဆွဲနေပြီး လက်ရှိတွင် အမျိုးသမီးယာဉ်မောင်းတစ်ဦးကို ခန့်အပ်ထားသော ကုမ္ပဏီတစ်ခုလည်းဖြစ်သည်။