BEC-TERO TV

သမ္မတဦးထင်ကျော်၏ တရုတ်ခရီးစဉ်တွင် သဘောတူညီချက်အချို့

07 Apr 2017     1,306 Views


သမ္မတဦးထင် ကျော်၏ တရုတ်နိုင်ငံခရီးစဉ်တွင် နှစ်နိုင်ငံသဘောတူညီချက်အချို့ ကို လက်မှတ်ရေးထိုးဖွယ်ရှိ ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျက ပြောသည်။‘‘တစ်ပြိုင်တည်းမှာပဲ ကျွန် တော်တို့ရဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက် ဖို့အတွက် အကူအညီပေးဖို့ကို သူတို့အနေနဲ့ ဒီခရီးစဉ်ထဲမှာဖော်ထုတ်ပြောကြားဖို့ရှိတဲ့ အနေအထားလေးရှိပါတယ်’’ဟု နိုင်ငံတော်အစိုးရ၏ တစ်နှစ်တာကာ လအတွင်း ပြုပြင်ဆောင်ရွက်ခဲ့မှု များနှင့်ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲအပြီး မီဒီယာများ၏ မေးမြန်းမှုကို ဦးကျော်ဇေယျက ပြန်လည်ဖြေကြားခဲ့သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတမစ္စတာစီကျင်းပင်၏ ဖိတ် ကြားချက်အရ သမ္မတနှင့် ဇနီး သည် ဧပြီ ၆ ရက်တွင် တရုတ် နိုင်ငံသို့ ရောက်ရှိနေပြီး နှစ်နိုင်ငံ ဆက်ဆံရေး၊ ပူးပေါင်းဆောင် ရွက်မှု တိုးတက်ကောင်းမွန်စေ ရေး အဓိက ရည်ရွယ်ခြင်းဖြစ် ကြောင်း ဦးကျော်ဇေယျက ဆို သည်။

‘‘သဘောတူညီမှုစာချုပ်ချုပ် ဖို့ကိစ္စက ပညာရေးဝန်ကြီးဌာနပါ မယ်။ ကျန်းမာရေးမှာဆိုရင် လေ့ ကျင့်ရေးနဲ့ အားကစားကိစ္စတွေ ပါမယ်။ အကြမ်းဖျင်းတော့ ၀န် ကြီးဌာန ခြောက်ခုလောက်တော့ ပြင်ဆင်သွားတဲ့ အနေအထားရှိပါ တယ်’’ဟု

ဦးကျော်ဇေယျက ပြော သည်။ ထို့အပြင် တရုတ်နိုင်ငံက မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ် ငန်းစဉ်များအတွက် အမေရိကန် ဒေါ်လာသုံးသန်း ကူညီရန် တရား ၀င် ပြောကြားထားပြီး ဒေါ်လာ တစ်သန်း စတင်လက်ခံရရှိပြီးဖြစ်ကြောင်း ဦးကျော်ဇေယျကဆို သည်။ မြစ်ဆုံကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးရန် ရှိ၊ မရှိ မေးမြန်းမှုကို ‘‘မြစ်ဆုံကတော့ စစ်ဆေးတဲ့ ကော်မရှင်က ရလဒ်တစ်ခုထွက် တဲ့အထိ နှစ်ဖက်စလုံးက ဒါကို စိတ်ရှည်ရှည်နဲ့ စောင့်သွားမယ့် အနေအထားဖြစ်ပါတယ်’’ဟု ပြန် လည်ဖြေကြားခဲ့သည်။ နိုင်ငံတော်သမ္မတ၏ ခရီးစဉ်တွင် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ဒေါက်တာ သန်းမြင့်၊ ဦးဝင်းခိုင်၊ ဒုတိယ၀န် ကြီး၊ ဦးကျော်တင်၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာစိုး ၀င်းနှင့် တာဝန်ရှိသူများ လိုက်ပါ သွားသည်။

ညနေပိုင်းတွင် နိုင်ငံတော် သမ္မတသည် ချန်ဒူးမြို့ ဂျင်ဂျန်းဟို တယ်၌ စီချွမ်ပြည်နယ်ပါတီ အ တွင်းရေးမှူး Mr.Wang Dong-ming ကို လက်ခံတွေ့ဆုံပြီး နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ပိုမို မြှင့်တင်ရေး၊ စီးပွားရေး၊ ကုန် သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ လယ် ယာစိုက်ပျိုးရေးနှင့် ပညာရေးကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်နိုင်ရေးနှင့် ပညာတော်သင်များ အပြန်အလှန် စေ လွှတ်နိုင်ရေးကိစ္စရပ်များကို ဆွေး နွေးခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ များတွင် ဖော်ပြထားသည်။ အစိုးရသစ် တက်လာပြီး နောက် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ ပထမဆုံး အာဆီယံ ပြင်ပခရီးစဉ် တရုတ်နိုင်ငံဖြစ်ပြီး သမ္မတအစိုးရသက်တမ်း တစ်နှစ်ပြည့်ချိန်တွင် တရုတ်နိုင်ငံသို့ ထပ်မံသွားရောက်ခြင်းလည်းဖြစ် သည်။

Credit : 7daydaily (ဓာတ်ပုံ − MOI)


07 Apr 2017     1,306 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS