BEC-TERO TV

မြန်မာနိုင်ငံတွင် Flakka ဆေးဝါးအမှန်တကယ်ပျံ့နှံ့ရောက်ရှိခြင်း ရှိ၊ မရှိစစ်ဆေးနေ

05 Apr 2017     1,365 Views


အ၀တ်ဗလာဖြင့် လမ်း လျှောက်နေသည့် ဓာတ်ပုံများလူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့ခဲ့ပြီးနောက် ယင်းအခြေအနေ များသည် ဥရောပနိုင်ငံအချို့၌ ပျံ့နှံ့သုံးစွဲနေသည့် နောက်ဆုံးပေါ် မူးယစ်ဆေးတစ်မျိုးကြောင့် ဖြစ် ကြောင်း ရေးသားမှုများ လူမှုကွန် ရက်စာမျက်နှာများတွင် ပျံ့နှံ့ခဲ့ပြီး ယခုအဖြစ်အပျက်များသည် Flakka ဆေးဝါးသုံးစွဲခြင်းကြောင့်ဖြစ်ကြောင်း ဝေဖန်ဆွေး နွေးမှုများပေါ်ထွက်ခဲ့သည်။ ဒီလိုဆေးမျိုးတွေရှိနေတယ် ဆိုတာကိုလည်း စုံစမ်းနေပေမယ့် ခုချိန်ထိတော့ မမိသေးပါဘူး။ တရားဝင်မှတ်ပုံမတင်ထားတဲ့ ဆေးရောင်းရင်တော့ တည်ဆဲဥပ ဒေအတိုင်း အရေးယူဖမ်းဆီးပါ တယ်။ အခုအွန်လိုင်းမှာ ပြန့်နေတဲ့ သတင်းတွေကိုလည်း လိုက်နေပါတယ်။ လိုအပ်ရင် အထူးအဖွဲ့တွေဖွဲ့ပြီး စစ်ဆေးဖို့ရှိပါတယ်’’ဟု ၎င်းအရာရှိကပြောသည်။ ၂၀၁၆ အတွင်း အနောက်နိုင်ငံများရှိ လူမှုကွန်ရက်များတွင် Flakka သုံးစွဲထားပြီး စိတ်လွတ်လက်လွတ်ဖြင့် မကောင်းဆိုးဝါးပူးကပ်ခံရသော အသွင်အပြင်ဖြင့် လူများကို ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်များပျံ့နှံ့ခဲ့သည်။

အဆိုပါဗီဒီယိုများတွင် ဆေးသုံးစွဲထားသည်ဆိုသော သူများသည် အသိဉာဏ်ကင်းမဲ့ပြီး လူနှင့် ကားများကို တိုက်ခိုက်ရန်မူခြင်း၊ အချို့သော တိုက်ခိုက်မှုများတွင် အခြားလူများကို ကိုက်ဖဲ့တိုက်ခိုက်ခြင်းများလည်း ပါဝင်ခဲ့သည်။ လက်ရှိမြန်မာနိုင်ငံတွင် အ ၀တ်ဗလာဖြင့် သွားလာသူများ ၌ အ၀တ်မပါရှိခြင်းကလွဲ၍ ဆိုး ဆိုးရွားရွားရန်မူတိုက်ခိုက်သည့် အခြေအနေများမရှိခဲ့ပေ။ သက် ဆိုင်ရာနယ်မြေရဲတပ်ဖွဲ့များ၏ စစ်ဆေးမှုများတွင်လည်း မူးယစ် ဆေးဝါးတစ်စုံတစ်ရာသုံးစွဲထား ခြင်းမရှိကြောင်း ပြောကြားထားပြီး စီးပွားရေး၊ လူမှုရေးနှင့် အိမ်ထောင်ရေးအခြေအနေများ ကြောင့် ယခုကဲ့သို့ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောထားသည်။ သို့သော် တစ်ပတ်အတွင်း သုံးကြိမ်ဆက်တိုက်ဖြစ်ပွားခဲ့ခြင်း က သမားရိုးကျမဟုတ်သောအခြေအနေတစ်ခုဖြစ်ကြောင်း ဝေဖန်မှုများလည်းရှိခဲ့ပြီး ရဲတပ်ဖွဲ့ဝင် များသုံးသပ်သကဲ့သို့ ယင်းလုပ်ရပ်မျိုးမှာ စီးပွားရေး၊ လူမှုရေးနှင့် အိမ်ထောင်ရေးအခြေအနေများ သက်သက်ကြောင့်မဟုတ်ကြောင်း ဝေ ဖန်မှုများလည်း ရှိသည်။

အဆိုပါ Zombie ဆေးခေါ် Flakka ဆေးကို လက်ရှိတွင် သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ ဈေးကွက်အတွင်းအမှန်တကယ် ရောက်၊ မရောက်စစ်ဆေးနေပြီး အကယ်၍ရှိနေပါကလည်း မြန်မာနိုင်ငံအစားအသောက်နှင့် ဆေး ၀ါးကွပ်ကဲရေးဦးစီးဌာန (FDA) က စစ်ဆေးမည်ဖြစ်ပြီး သုံးစွဲရန်မသင့်ပါက ရောင်းချသူကို ဖမ်းဆီးအရေးယူမည် ဖြစ်ကြောင်း မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) မှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ ဥက္ကာဖြိုးကပြောသည်။‘‘ဒီဆေးတွေနဲ့ ပတ်သက်ပြီး တော့ လောလောဆယ်အွန်လိုင်း မှာ Zombie ဇွန်ဘီဆေးလိုမျိုး၊ Spainish ဆေးဆိုတဲ့ အစက်ချ ခတ်ဆေး အဲဒါမျိုးတွေကို FDA က ဇာစ်မြစ်လိုက်နေတာပေါ့။ ဒါပေမဲ့ အနောက်တိုင်းဆေးမဟုတ်ဘဲ နဲ့ သစ်ဥသစ်ဖုလို တိုင်းရင်းဆေး ပုံစံမျိုးနဲ့ ထုတ်ထားတယ်လို့လည်း တချို့ကပြောတယ်။ ဒါ့ကြောင့် ဒီ ဟာက FDA ကလား၊ တိုင်းရင်း ဆေးကလားဆိုတာ အဲဒီလိုမျိုး တော့ ခွဲခြားနေတယ်။ FDA မှာ အဲဒီဆေးတွေအတွက်ကို ထောက်ခံချက်ပေးမထားဘူး’’ဟု ဒေါက် တာ ဥက္ကာဖြိုးက ပြောသည်။

အဆိုပါဖြစ်စဉ်များသည် မူး ယစ်ဆေးဝါးမသုံးစွဲထားသော် လည်း ခေတ္တခဏစိတ်ဖောက်ပြန် ခြင်း၊ စိတ်ထွက်ပေါက်ရှာသည့် အနေအထားများကြောင့် ဖြစ်ပေါ် နိုင်သော်လည်း အများအားဖြင့် စိတ်ရောဂါထဲတွင် ပါဝင်သည့် လိင်ပိုင်းဆိုင်ရာပြုမူမှုလွဲမှားသော ရောဂါလက္ခဏာတစ်ခုဖြစ်၍ လိင်ပိုင်းဆိုင်ရာဖိအားအရ အမျိုးသား များနှင့် အမျိုးသမီးများ၌ မိမိ၏ လိင်ပိုင်းဆိုင်ရာနှင့် အခြားလူကိုဆွဲဆောင်ချင်သောစိတ်အလွန်အကျွံဖြစ်လာသည့်အခါ ယခုကဲ့သို့ ဖြစ်ပွားနိုင်ခြေရှိကြောင်း ဒေါက်တာ ခင်မြင့် (စိတ်ပညာ)က ပြောသည်။

‘‘ပုံမှန်လူတစ်ယောက်က သိပ်တော့မရှိဘူး။ ဒါပေမဲ့ Sex နဲ့ ပတ်သက်တဲ့ စိတ်များများရှိတဲ့ သူတစ်ယောက်ကတော့ သာမန် လူတွေထဲမှာလည်း စိတ်ရောဂါ အနေနဲ့ သိသိသာသာထင်ထင် ရှားရှားမဟုတ်ပေမယ့်လည်း သာ မန်လူတွေထဲမှာလည်း ရှိနိုင် တယ်။ Flakka ဆေးရဲ့ အာနိသင် ကရှိမယ်ဆိုရင်၊ ၀ယ်လို့ရတယ်ဆို ရင်တော့ ဖြစ်နိုင်ပေမယ့် သာမန် လက်လုပ်လက်စားအမျိုးသမီးက ပေါ်လို့ ပေါ်မှန်းတောင်မသိဘူး လေ။ ဒီဆေးတွေပေါ်တယ်၊ မပေါ် ဘူးဆိုတာက ဆေးဝါးနဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းမှဘဲ သိနိုင်တဲ့ သဘောပေါ့။ သူသည် စိတ် ကြောင့်ဖြစ်တယ်။ ဆေးဝါးသုံးပြီး ဖြစ်တာလားဆိုတာတော့ မပေါ် သေးတာရယ်၊ သူတို့ကိုယ်တိုင် လည်း မသိဘူးပေါ့။ သုံးနိုင်လောက် တဲ့ အနေအထားလည်းရှိချင်မှလည်းရှိမှာလေ’’ဟု ၎င်းက ပြောသည်။ Flakka ခေါ် Zombie ဆေး သည် မြန်မာနိုင်ငံတွင် ရောင်းချနေ သည့် ဆေးအရောင်းဆိုင်များ၌တင်သွင်းရောင်းချခြင်းမရှိဘဲ ဈေးနှုန်းကိုပင် တိတိကျကျပြောနိုင်သူမရှိကြောင်း မင်္ဂလာဈေးတွင် အနှစ်သုံးဆယ်ကျော်ဆေးရောင်းချသည့် အရောင်းဒိုင်မှ အမျိုးသားတစ်ဦးက ပြောသည်။ ‘‘ဖေ့စ်ဘွတ်ခ်ကတော့ မြင် ရတာတွေရှိပါတယ်။ ဒီဆေးဘယ်နိုင်ငံထုတ်တယ်။ တရားဝင်ဟုတ်၊ မဟုတ် ဘယ်သူမှ မသိဘူး။ အ ၀တ်ဗလာတွေနဲ့ အမျိုးသမီးတွေ ထွက်လာမှ ဒီသတင်းတွေထွက် လာတာပါ။ ကျွန်တော်တို့ ဆေး ရောင်းလာတဲ့ သက်တမ်းမှာတော့ တစ်ခါမှ မမြင်ပါဘူး’’ဟု ၎င်းက ပြောသည်။

Credit : 7daydaily


05 Apr 2017     1,365 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS