BEC-TERO TV

ဆရာတော် ဦးဝီရသူကို အရေးယူရန် လျှောက်ထားမှု တရားရုံးပယ်ချ

05 Apr 2017     1,306 Views


ဒေါပုံမြို့နယ်တွင် နေထိုင် သော အင်္ဂလိပ်ဘာသာစကားသင် ကြားသူ ဦးမင်းလှိုင်က ဆရာ တော်ဦးဝီရသူကို အရေးယူပေး ရန် ဒေါပုံမြို့နယ်တရားသူကြီးထံ ဧပြီ ၄ ရက်က ဦးတိုက်လျှောက် ထားခဲ့သည်။ဆရာတော်ဦးဝီရသူသည် ဧ ရာဝတိုင်းတွင် ဟောပြောပြီးဒေါပုံမြို့နယ်၌ ဟောပြော ခြင်းမဟုတ် ၍် ရာဇ၀တ်မှုကျင့်ထုံး ဥပဒေပုဒ် မ ၁၇၇ နှင့် ညီညွတ်ခြင်း မရှိသော ကြောင့် ဦးတိုက်လျှောက်လွှာကို ပြန်ပေးခြင်း ဖြစ်သည်ဟု ဒေါပုံမြို့နယ် တရားသူကြီး ဒေါ်ယုယုဆွေက ပြောသည်။ ယခုအမှု သည် ဘာသာသာသနာနှင့် သက် ဆိုင်နေသဖြင့် အထက်အဆင့် ဆင့်သို့ တင်ပြခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ ဦးဝီရသူအား တရားစွဲဆိုမှု ကို ရပ်တန့်မည်မဟုတ်ဘဲ ဥပဒေ အတိုင်း ဆက်လက်လုပ်ဆောင် နိုင်ရန် စဉ်းစားမည် ဖြစ်ကြောင်း ဦးမင်းလှိုင်က ပြောသည်။

‘‘အမှန်က ဘုန်းကြီးတစ်ပါး ကို လုပ်ဖို့ ကိုယ်လည်း ဗုဒ္ဓဘာသာ ၀င်တစ်ယောက်ပဲ။ သင်္ကန်းရှိ သေးတယ်။ ဒါပေမဲ့ မရပ်သွားဘဲ ဆက်ဆက်ပြီး ကြားနေရတော့ လုပ်မယ်လို့ ကိုယ့်ဘာသာ ကိုယ် ဆုံးဖြတ်ပြီးလုပ်လိုက်တာပါ’’

ဟု ဦးမင်းလှိုင်က ပြောသည်။ ၎င်းးသည် နိုင်ငံရေးအကျဉ်း သားဟောင်း ဖြစ်သော်လည်း မည်သည့် အဖွဲ့အစည်းနှင့်မျှ ပတ်သက်မှုမရှိကြောင်း ဦးမင်း လှိုင်က ဆိုသည်။ ဆရာတော်ဦးဝီရသူကို အ ရေးယူပေးရန် သာသနာရေးဝန် ကြီးဌာနထံ စာဖြင့်ရေးသားတိုင် ကြားထားသော်လည်း မိမိအနေ ဖြင့် တရားစွဲဆိုရန် မရှိကြောင်း Myanmar Now သတင်းဌာန အယ်ဒီတာချုပ် ကိုဆွေဝင်းက ဧပြီ ၁ ရက်၌ မြန်မာဂျာနယ်လစ် ရုံးခန်းတွင် ပြုလုပ်သည့် သတင်း စာရှင်းလင်းပွဲတွင် ပြောကြားထားသည်။ ကိုဆွေဝင်းသည် ဆရာ တော်ဦးဝီရသူအား ဥပဒေနှင့်အ ညီ ထိရောက်စွာ အရေးယူပေးရန် မတ်လ ၂၈ ရက်တွင် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့(မဟန)နှင့်သာသနာရေးနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာနထံသို့ စာပို့တိုင်ကြား သည်။

ဦးဝီရသူသည် ဘာသာတစ် ခုနှင့် တစ်ခုအကြား အမုန်းတရား ပွားပြီး ဘာသာရေးအဓိကရုဏ်း ဖြစ်စေနိုင်သော ဟောပြောမှုများ၊ အမုန်းတရားကြီးထွားစေရန် လှုံ့ ဆော်ဟောပြောမှုများ၊ တရားဥပ ဒေစိုးမိုးရေးကို အဟန့်အတားဖြစ် စေသည့် ဟောပြောမှုများနှင့် နိုင် ငံရေးပါတီများအကြား ဘက် လိုက်ဝေဖန်ဟောပြောမှုများကို ဒေသအနှံ့ကြိမ်ဖန်များစွာ ပြုလုပ် ၍ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့က ထုတ်ပြန်သော ညွှန်ကြား လွှာအမှတ် (၈၃)၊ (၉၁)၊ (၉၃) နှင့် (၉၄) တို့ ကို ဖောက်ဖျက်ကျူး လွန်ခဲ့သောကြောင့် တစ်နိုင်ငံလုံး တွင် တရားဟောခွင့် တစ်နှစ်ပိတ် ရန် မတ်လ ၁၀ ရက်စွဲဖြင့် နိုင်ငံ တော် သံဃမဟာနာယကအဖွဲ့ က ထုတ်ပြန်ကြေညာခဲ့သည်။ ထိုသို့ အရေးယူရန် မတ်လ ၉ ရက်တွင် ကျင်းပခဲ့သော သတ္တမ အကြိမ် နိုင်ငံတော် သံဃမဟာနာ ယက ၄၇ ပါးစုံညီ အစည်းအဝေး ၌ ဆုံးဖြတ်ခဲ့သည်။

တရာဟောခွင့် တစ်နှစ်ပိတ် ပင်ခံထားရသည့် ဆရာတော် ဦးဝီ ရသူအနေဖြင့် ဆက်လက်တရား ဟောပြောပါက အာဏာဖီဆန်မှု ဖြင့် ဖမ်း၍ ထောင်ချနိုင်ကြောင်း နိုင်ငံတော်သံဃမဟာနာယကအ ဖွဲ့ (မဟန)ဥက္ကဋ္ဌ ဗန်းမော်ဆရာ တော်ကြီးက မတ်လ ၂၇ ရက်၌ မိန့်ကြားထားသည်။ တရားဟောပြောခွင့် တစ် နှစ်ပိတ်ပင်ခံရပြီးနောက် ဆရာ တော်ဦးဝီရသူသည် အိမ်မဲ၊ မြစ် ကြီးနား၊ မိတ္ထီလာနှင့် သန်လျင်မြို့ နယ်တို့တွင် ပါးစပ်ကို တိပ်ဖြင့် ပိတ်ပြီး ယခင်ဟောခဲ့သောတရားခွေဖွင့်ကာ အပူဇော်ခံခဲ့သည်။ ရာဇ၀တ်ဥပဒေကျင့်ထုံးတွင် ပုဒ်မ ၁၇၇ ပြဋ္ဌာန်းထားသည်မှန်သော်လည်း ယင်းဥပဒေ၌ပင် ပုဒ်မ ၁၇၉ ဟူသည့် ပြစ်မှု၏ အကျိုးဆက်ဖြစ်ပွားရာ အရပ်၌လည်း တရားစီရင်ခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားသောကြောင့် ဒေါပုံမြို့နယ်တရားသူကြီးက ဆရာတော်ဝီရသူအား အရေးယူပေးရန် လျှောက်ထားချက်ကို ပယ်ချသည့်အမိန့်အား ပြန်လည်ရုပ်သိမ်း၍ ဆက်လက်စစ်ဆေးပေးရန် အရှေ့ပိုင်းခရိုင်တရားရုံးသို့ တင်ပြမည်ဟုတရားစွဲဆိုသူ ဦးမင်းလှိုင်၏ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ပြောသည်။

Credit : 7daydaily


05 Apr 2017     1,306 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS