Dating website မှ တဆင့် သိကျွမ်းပြီးမှ အဓမ္မ ပြုကျင့် ပြီးအသတ်ခံရတဲ့ ဆရာမငယ်
07 Jun 2016 1,444 Views
လူတစ်ဦးက ဖူးစာဖက်ရှာ ဝက်ဘ်ဆိုဒ်ဖြစ်တဲ့ Plenty of Fish ကနေ တွေ့ဆုံခဲ့တဲ့ ဆရာမငယ်တစ်ဦးကို လည်ပင်းညှစ်သတ်ခဲ့ပြီးနောက် အလောင်းနဲ့ လိင်ဆက်ဆံခဲ့ကြောင်း တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။
ကားလ်လန်ဒဲလ်ဆိုတဲ့အမျိုးသားတစ်ဦးဟာ အရှေ့လန်ဒန်၊ ဟက်ခ်နေမြို့ရှိ Cardinole Pole ကျောင်းတစ်ကျောင်းမှာ သမိုင်းနဲ့ နိုင်ငံရေး သင်တဲ့ အသက် ၂၃ နှစ်အရွယ် ဆရာမ ကေတီလော့ခ်နဲ့ Plenty of Fish ကနေတစ်ဆင့် အဆက်အသွယ်ရခဲ့ပြီး တွေ့ဆုံဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
သူတို့တွေ တွေ့ဆုံချိန်မှာ လန်ဒဲလ်က သူ့မှာ ကိုယ်ပိုင် ဥပဒေကုမ္ပဏီတစ်ခုရှိကြောင်း ပြောပြီး ဟိုတယ်တစ်ခုကို ခေါ်ဆောင်သွားကာ အခုလို ပြုလုပ်ခဲ့တာပါ။
ကေတီကို လည်ပင်းညှစ်သတ်ပြီးတဲ့နောက် ဟိုတယ်မှာရှိတဲ့ ခြုံပုတ်တစ်ခုထဲကို စွန့်ပစ်ခဲ့ပါတယ်။ သူဟာ အလောင်းကို ဓာတ်ပုံရိုက်ခဲ့ပြီး အဓမ္မလည်း ကျင့်ခဲ့ပါတယ်။
အသက် ၂၆ နှစ်အရွယ် လန်ဒဲလ်ဟာ စိတ္တဇဆေးရုံတက်ခဲ့ရသူဖြစ်ပြီး သူနာပြုတစ်ယောက်ကို ထိပ်လန့်ဖွယ်စကားတွေ ဆိုခဲ့တဲ့အတွက် ဆိုင်းငံ့ပြစ်ဒဏ်ကျခံနေရသူလည်း ဖြစ်ပါတယ်။ သူပြောတဲ့စကားထဲမှာ မိန်းကလေးတစ်ယောက်ရဲ့ လည်ပင်းကို ဖြတ်ပြီး အဝတ်အစားတွေချွတ်ကာ အလောင်းနဲ့ လိင်ဆက်ဆံချင်ကြောင်းလည်း ပါဝင်ပါတယ်။
ဆောက်သမ်တန်တက္ကသိုလ်က ဘွဲရထားတဲ့ ကေတီဟာ ချောမောလှပပြီး တက်ကြွသူတစ်ယောက် ဖြစ်တယ်လို့ သူ့မိသားစုက ဆိုပါတယ်။
လန်ဒဲလ်က ယင်းလူသတ်မှုကို ခရစ္စမတ်အကြိုနေ့မှာ ဝန်ခံခဲ့တာဖြစ်ပြီး ဇွန်လ ၃ ရက်နေ့မှာ သူ့ကို ထောင်ဒဏ် ၂၆ နှစ် ချမှတ်ခဲ့ပါတယ်။