BEC-TERO TV

တရုတ်နှင့် အမေရိကန် ကုန်သွယ်ရေးသဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ခဲ့ပြီ

17 Jan 2020     1,440 Views


ကမ္ဘာ့စီးပွားရေး အင်အားကြီး နှစ်နိုင်ငံဖြစ်တဲ့ တရုတ်နှင့် အမေရိကန်နိုင်ငံတို့အကြား “Phase One” ကုန်သွယ်ရေးသဘောတူညီချက်ကို (၂) နိုင်ငံ သဘောတူညီမှု ရရှိခဲ့ကြတယ်လို့ သိရပါတယ်။

ကုန်သွယ်ရေး စစ်ပွဲကြီး (၂) နှစ်ကျော်ကြာကြာလာခဲ့ပြီးနောက် “Phase One” ကုန်သွယ်ရေး သဘောတူညီချက် လက်မှတ်ရေးထိုးပွဲကို အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ အိမ်ဖြူတော်မှာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ တရုတ်ဒုဝန်ကြီးချုပ် Liu He က ဇန်နဝါရီလ ၁၅ ရက် ဗုဒ္ဓဟူးနေ့က သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။

ယခုသဘောတူညီချက်တွင်  တရုတ်ဟာ အမရိကန် ဒေါ်လာ (၂၀၀) ဘီလီယံ တန်ကြေးရှိ US ထုတ်ကုန်ပစ္စည်းတွေနှင့် ဝန်ဆောင်မှုတွေကို နောက် (၂) နှစ်အတွင်း ဝယ်ယူရဖို့ ကတိပြုခဲ့ရပါတယ် ။ ဒါ့အပြင် တရုတ်နိုင်ငံဟာ အမေရိကန်ရဲ့ လယ်ယာနဲ့အခြားထွက်ကုန်တွေကို ပိုမိုဝယ်ယူပေး သွားဖို့ နှင့် အမေရိကန်နည်းပညာတွေအပေါ် ကာကွယ်ပေးဖို့ကိုလည်း ကတိပြုခဲ့ရပါတယ်။

အမေရိကန်ဘက်လည်း တရုတ်ဘက်ကို အပြန်အလှန် အခွန် ၁၅ % ကနေ ၇.၅ % အထိ လျှော့ချပေးခဲ့ပါတယ်။၂၀၁၇ ကုန်သွယ်ရေးစစ်ပွဲမတိုင်မီ တရုတ်နိုင်ငံဟာ အမေရိကန်နိုင်ငံသို့ ထုတ်ကုန် ဒေါ်လာ (၁၈၅) ဘီလီယံကျော် တင်သွင်းခဲ့ပါတယ်။

ကုန်သွယ်ရေး သဘောတူညီမှု ချုပ်ဆိုခဲ့ပြီးနောက် အမေရိကန်သမ္မတ ထရမ့်က “ ဒီနေ့မှာတော့ အလွန်အရေးပါတဲ့ ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက်တစ်ခုကို တရုတ်နိုင်ငံနဲ့ ချုပ်ဆိုနိုင်ခဲ့ပါတယ်။ မျှတပြီး အပြန်အလှန် အကျိုးရှိတဲ့ကုန်သွယ်ရေးဖြစ်လာတော့မှာ သေချာပါတယ်။ နောက် ကျွန်နုပ်တို့ဟာ အတိတ်ကအမှားတွေကို ပြုပြင်နေကြပါတယ် ”လို့ ပြောကြားခဲ့ပါတယ်။

Ref; CNN and CNBC


17 Jan 2020     1,440 Views




RELATED

Most Popular of International News

Most Popular of NEWS