ရာသီဥတုအပြောင်းလဲကြောင့် အင်ဒိုနီးရှားက ကျွန်း ၂ ကျွန်း ပင်လယ်ရေအောက် စုန်းစုန်းမြုတ်သွားပြီ
17 Jan 2020 1,677 Views
ရာသီဥတုအပြောင်းလဲများကြောင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာကာ အင်ဒိုနီးရှားနိုင်ငံ ဆူမားထရားကျွန်းစုများမှ ကျွန်း ၂ ကျွန် ပင်လယ်အောက်သို့ စုန်းစုန်း နစ်မြုတ်သွားပြီဖြစ်ကြောင်း အာဏာပိုင်များက သတင်းထုတ်ပြန်လိုက်ပြီး နောက်ထက် ကျွန်း ၄ ကျွန်း မကြာမီ ထပ်မံနစ်မြုတ်သွားတော့မည်ဖြစ်ကြောင်း ခန့်မှန်းထားကြသည်။
အင်ဒိုနီးရှား၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆွေးနွေးပွဲမှ ရရှိသည့် အချက်အလက်များအရ ဘတက်ကျွန်း(Betet) နှင့် ဂန်ဒွယ်ကျွန်း(Gundul) နှစ်ကျွန်းစလုံး ပင်လည်ရေအောက် ၁ မီတာကနေ ၃ မီတာအောက်ကို နစ်မြုတ်သွားပြီးဖြစ်ကြောင်း သိရသည်။
ဒီကျွန်းနှစ်ကျွန်းစလုံးမှာ လူတွေအခြေချနေထိုင်ခြင်း မရှိပါဘူး။ ဘတက်ကျွန်းကတော့ ဘာဘက်ဆန်းဘလင်း အမျိုးသားပန်းဥယာဉ်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်” လို့ ဆူမားထရား တောင်ပိုင်းမှ အမှုဆောင်ဒါရိုက်တာ Hairul Sobri က ဇန်နဝါရီလ ၁၄ ရက်က ပြောကြားခဲ့ပါတယ်။
ပင်လယ်ရေမြင့်တက်မှုဟာ ဒီအတိုင်းပဲ ဆက်ဖြစ်နေဦးမယ်ဆိုရင် နောက်ထပ် ကျွန်း ၄ ကျွန်းဖြစ်တဲ့ Bueung, Kalong, Salah Namo နဲ့ Kramat ကျွန်းတို့ဟာ ဆက်လက် နစ်မြုတ်ဖွယ်ရာရှိကြောင်း ကြိုတင်ခန့်မှန်းထားပါတယ်။
လက်ရှိအခြေအနေအရ ဆူမားထရားတောင်ပိုင်းရဲ့ အရှေ့ဘက်ကမ်းရိုးတန်းမှာ ကျွန်းငယ်ပေါင်း ၂၃ ခုရှိပြီး အချို့သော ကျွန်းတွေမှာ လူတွေအခြေချနေထိုင်တာတွေ ရှိနေပါတယ်။ Salah Namo ကျွန်းမှာ နေထိုင်ကြသူတွေရဲ့ ဦးစီးဦးဆောင်ဖြစ်တဲ့ Syahrul က ကျွန်းကြီး ရေအာက်ကို နစ်မြုတ်နိုင်မည့် အန္တရာယ်ကို သိရှိပြီးဖြစ်ကာ လူတွေကို မူလနေရပ်သို့ ပြန်လည်ပြောင်းရွေ့နေထိုင်ကြရန် သတိပေးနှိုးဆော်ထားပြီး အားလုံးပြောင်းရွေ့နေပြီဖြစ်ကြောင်း သိရသည်။