ဆီးနှင်းတောထဲမှာ (၁၈) နာရီကြာ နစ်မြှုပ်ခဲ့သော်လည်း အသက်မသေခဲ့တဲ့ အသက် ၁၂ နှစ်အရွယ် ကောင်မလေး
16 Jan 2020 1,650 Views
ပါကစ္စတန်နိုင်ငံ ကက်ရှမီးယားဒေမှာ ဆီးနှင်းများ သည်းထန်စွာ ရွှာသွန်းမှုကြောင့် အိမ်နှင့်အဆောက်အဦးများ ပြိုကျပျက်ဆီးခဲ့ပါတယ်။ ထို့ဒေသမှ အသက် ၁၂ နှစ်အရွယ်ကောင်မလေး တစ်ဦးဟာ အိမ်များပြိုကျမှုကြောင့် နှစ်တောထဲမှာ (၁၈) နာရီကြာ နစ်မြုတ်ခဲ့ပေမယ့် အသက်ရှင်လျှက် ပြန်လည်တွေ့ရှိခဲ့ကြပါတယ်။
သူမ၏ နာမည်က “ဆာမီနာ ဘီဘီ”လို့ အမည်ရပြီး သူမဟာ အိမ်ပြိုကျချိန်မှာ သူမဟာ ဆီးနှင်းအောက်ရှိ အခန်းတစ်ခန်းအောက်တွင် ရောက်ရှိနေပြီး အော်ဟစ်အကူအညီတောင်းခဲ့တယ်လို့ ဆိုပါတယ်။ သူမကိုယ်တိုင်လည်း အဲ့ဒီနေရာမှ သေရတော့မယ်လို့ ထင်ခဲ့ပါတယ် လို့ဆိုပါတယ်။
ဒါပေမယ့် သူမရဲ့ အသံကို တခြား ဘယ်သူတစ်ယောက်မှ မကြားရဘဲ သူမဟာ ဆီးနှင်းတော အောက်မှာ (၁၈) နာရီကြာ နစ်မြှုပ်နေပါတယ်။ နှင်းတောအောက်မှာ နစ်မြှုပ်နေတဲ့ ဆာမီနာကို ဘက်ကွာလီရွာသားတွေက ကယ်တင်ခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီမှာရှိတဲ့ သူမရဲ့ မိသားစုဝင်ကတော့ သေဆုံးခဲ့ရပါတယ်။
ကျန်ရစ်သူ သူမရဲ့ မိခင်ဖြစ်သူ ရှင်နန် ဘီဘီက “ ကျွန်မရဲ့မိသားစုဝင်တွေဟာ သုံးထပ်တိုက် အဆောက်အဦးတွေ ပြိုကျခဲ့ပြီးနောက် မီလောင်ပြီးသေဆုံးခဲ့ရပါတယ်။ မျက်စိတစ်မှိတ်လေး အတွင်းမှာ ဖြစ်ပျက်ခဲ့တာပါ။ ကျွန်မသမီးလေးကိုတောင်မှ မျော်လင့်ချက်မဲ့ပြီလို့ ထင်ခဲ့မိပါတယ်”
“ ကျွန်မကိုယ်တိုင်လည်း ခြေထောက်ကျိုးခဲ့ပြီး ပါးစပ်မှသွေးတွေ ကျနေခဲ့ပါတယ်။ သမီးလေကို ကယ်ဆယ်ရေးတွေ ရှာဖွေနေချိန်မှာ ကျွန်မအိပ်မပျော်နိုင်ခဲ့ပါဘူး ” လို့ ဝမ်းနည်းလေသံဖြင့် Reuters သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
ယခုလို ဆီးနှင်းများ သည်းထန်စွာ ရွှာသွန်းမှုကြောင့် ပါကစ္စတန်မှာ လူ (၁၀၀) ကျော်သေဆုံးကာ ဒဏ်ရာရရှိသူ အများအပြားရှိခဲ့ပါတယ်။ ပျောက်ဆုံး နေသူတွေကိုလည်း ဆက်လက်ရှာဖွေနေတယ်လို့ သိရပါတယ်။ ဒေသခံမီဒီယာတွေရဲ့ ဖော်ပြချက်အရ အိန္ဒိယဒေသဘက်မှလည်း လူ(၈) ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဟိမဝန္တာဒေသမှာ ရာသီဥတုဒဏ်ကြောင့် သေဆုံးမှုမှာ ယခုအကြိမ်ဟာ သမိုင်းတလျှောက် အများဆုံး ဖြစ်တယ်လို့လည်း သိရပါတယ်။
ယခုဒေသဟာ အိန္ဒိယနှင့် ပါကစ္စတန် နှစ်နိုင်ငံ ဒီနယ်မြေကိုရဖို့အတွက် ဆယ်စုနှစ်တစ်ခုကြာ အငြင်းပွားဖွယ် ဖြစ်ခဲ့တဲ့ ဒေသဖြစ်ပါတယ်။ ဒါပေမယ့် ပါကစ္စတန်ဟာ ၁၉၄၇ လွတ်လပ်ရေးရပြီးနောက် နယ်မြေပိုင်းခြား ခွဲယူခဲ့ကြတာ ဖြစ်ပါတယ်။
Ref ; BBC