သမီးလေးကို အောင်မြင်စွာမွေးဖွားနိုင်ခဲ့လို့ ပျော်မဆုံးဖြစ်နေတဲ့ ကြာစိ
24 Sep 2018 1,442 Views
လူအများကို ရယ်မောပျော်ရွှင်စေကာ အမောတွေပြေပျောက်အောင်လုပ်ပေးနိုင်သူတစ်ယောက်ဖြစ်တဲ့ ကြာစိကတော့ လူရွှင်တော်တစ်ယောက်အဖြစ်သာမက သရုပ်ဆာင်ပိုင်းမှာပါ ပရိသတ်ရဲ့အားပေးမှုတွေကို ရရှိထားသူတစ်ယောက်ဖြစ်ပါတယ်။ အောင်မြင်တွေနဲ့အတူ ပျော်ရွှင်အေးချမ်းတဲ့အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားတဲ့ ကြာစိက ယနေ့ စက်တင်ဘာလ (၂၄)ရက်နေ့မှာတော့ ရာထူးတိုးကာ မိသားစုဘ၀လေးကို ပိုင်ဆိုင်သွားပြီပဲဖြစ်ပါတယ်။
ဖခင်ဖြစ်သွားပြီဖြစ်တဲ့ ကြာစိတစ်ယောက် သမီးမိန်းကလေးကို ပိုင်ဆိုင်လိုက်ရတဲ့အတွက်လဲ ပျော်မဆုံးဖြစ်လို့နေပါတယ်။ သမီးလေးကို ကျန်းကျန်းမာမာနဲ့ မွေးဖွားပေးတဲ့ ချစ်စနီးရဲ့အပြုံးလေးတွေနဲ့အတူ “မွေးခန်းထဲကထွက်လာပြီး သမီးလေးအတွက် ပျော်နေတဲ့ပြုံးမေမေ” ဆိုကာ ချစ်စနီးရဲ့ပုံရိပ်လေးတွေကို မျှဝေထားတာပဲဖြစ်ပါတယ်။
ချစ်ရတဲ့ ဇနီးသည်ရဲ့ မွေးနေ့တုန်းကလဲ ကြာစိတစ်ယောက် “ချစ်ဆုံးမိန်းမရေ..မွေးနေ့မှစ၍ ကိုယ်တို့နှစ်ဦးဘဝလမ်း...အတိုက်ခိုက်အနှောက်ရှက်တွေကင်းပြီး...သမီးရတနာလေးကိုအောင်မြင်စွာမွေး၍...ရိုးရှင်းသောဘဝလမ်းလေးကို ကောင်းမှူကုသိုလ်တွေလုပ်ရင်း..ပျော်ရွှင်စွာ ဖြတ်သန်းကြမယ်နော်” ဆိုကာ အေးချမ်းတဲ့ဘ၀လေးကို တည်ဆောင်နိုင်ဖို့အတွက်လဲ တောင်းဆုပြုထားခဲ့ပါသေးတယ်။ တောင်းဆုပြုထားသလို ချစ်ရတဲ့ဇနီး၊ သမီးငယ်လေးနဲ့အတူ အေးချမ်းသာယာတဲ့ဘ၀လေးကို တည်ဆောက်နိုင်ပါစေလို့.....