အဓ္ဓမပြုကျင့်ခံရတဲ့ သမီးငယ်လေးဘက်ကနေ မားမားမတ်မတ်ရပ်တည်ကူညီပေးသွားမယ်ဆိုတဲ့ ခိုင်နှင်းဝေ
11 Sep 2018 1,805 Views
ပရဟိတမင်းသမီးလေးလို့ အားလုံးကအသိအမှတ်ပြုလေးစားကြရတဲ့ သရုပ်ဆောင်ခိုင်နှင်းဝေကတော့ အနုပညာအလုပ်တွေကိုလုပ်ရင်း ဒုက္ခရောက်နေတဲ့ပြည်သူတွေအတွက်လဲ ကိုယ်ကျိုးမကြည့်ပဲ တစ်ဖက်တစ်လမ်းကနေပါဝင်ကူညီကာ ခွန်အားတွေပေးရင်း ပရဟိတအလုပ်တွေကို လုပ်ကိုင်နေတဲ့ စေတနာရှင်မလေးတစ်ဦးဖြစ်ပါတယ်…. သူမကိုယ်ပိုင်ဖောင်ဒေးရှင်းကို တည်ထောင်ထားပြီး အကူအညီလိုအပ်နေသူတွေကိုဖေးမကူညီနေတဲ့ ခိုင်နှင်းဝေဟာ ဒီကနေ့မှာတော့ သက်ငယ်မုဒိန်းမှုကြောင့် ဒုက္ခရောက်နေတဲ့ သမီးငယ်လေးတစ်ယောက်အတွက် မားမားမတ်မတ်ရပ်တည်ကာ ကူညီပေးသွားမယ်လို့ဆိုပါတယ်။ သမီးငယ်လေးအိရွှေစင်ရဲ့ မိသားစုအတွက်လဲလိုအပ်တဲ့ စားနပ်ရိက္ခာများနဲ့ဆေးဝါးများကိုလှူဒါန်ခဲ့ကြောင်းကို သူမရဲ့ဖေ့စ်ဘွတ်အကောင့်ကနေ ယခုလိုပဲရေးသားထားပါတယ်။
“ကဲ..ဘယ်တော့မှရပ်တန့် မသွားသေးတဲ့ သက်ငယ်မုဒိမ်း တခု ကျမ ဆီရောက်လာပြန်ပါပြီရှင်..
လောလောဆယ် တော့ စားဝတ်နေရေး ကျန်းမာရေးအဆင်ပြေအောင် စပြီး ကူညီပေးနေပါပြီ.အမှုကိစ္စ ကြီးလဲ သမီးလေးဘက်က မားမားမတ်မတ်ရပ်တည်ကူညီပေးမှာပါ..အမှန်တရား အတိုင်းဖြစ်ပါစေရှင်..
ဧရာဝတီတိုင်းမအူပင်မြို့နယ်, အလန်းအုပ်ကျေးရွာ, မလက်တိုအုပ်စုတွင် နေထိုင်သော သမီးလေးအိရွှေစင် ကို အင်းစိန်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူစေပြီး , ကလေးမီးမဖွားခင် မိသားစုစားသောက်ရေးအတွက် လိုအပ်သော ဆန်,ဆီနှင့် မီးဖိုချောင်သုံးပစ္စည်းများ, သမီးလေးအတွက် အဝတ်အထည်များကို လှူဒါန်းပေးခဲ့ပါတယ်…” ဆိုပြီး သမီးငယ်လေးဘက်ကနေ အမှန်တရားအတိုင်းရပ်တည်ကူညီပေးသွားမယ်လို့ ဆိုထားပါတယ်။
ထိုသမီးငယ်လေးရဲ့ အဓ္ဓပြုကျင့်ခံခဲ့ရပုံကိုလည်း ပရိသတ်တွေသိအောင် စိတ်မကောင်းစွာနဲ့မျှဝေရေးသားထားပါသေးတယ်။
“သမီးလေးကိုဘယ်လိုအနိုင်ကျင့်ခံရတယ်ဆိုတာလေး သိအောင် ရေးတင်လိုက်ပါတယ်ရှင်..... .ဧရာတီတိုင်း မအူပင်မြို့နယ် မလတ်တိုအုပ်စု အလန်းအုပ်ကျေးရွာ အိရွှေစင်ဝင်း ၁၃နှစ် ငါးတန်းပန်တိုင်းကျောင်းတွင်တက် ပထွေးကဦးမျိုးအောင် ဖြစ်စဉ်က အိရွှေစင်မှာ ခန္ဓာကိုယ်ဖွဲ့စည်းမှုပုံမှန်မဟုတ်သောကြောင့်အဒေါ်ဖြစ်သူနှင့် အိမ်နီးနားချင်းများက သွေးလုံးလေလုံးဟုထင်ကာ ဗမာဆရာကိုပြရန် တိုင်ပင်ကြစဉ် ပထွေးဖြစ်သူမှ "ဘယ်မှသွားမပြနဲ့သူနဲ့ရတဲ့ ကိုယ်ဝန်"ဟု အိရွှေဇင်၏မိခင်ဖြစ်သူ အား ပထွေးမှ ပြောသည် ၁၀ရက် ၇လ ည ၇နာရီခန့်တွင်ပြောသည်။ ၁၁ရက် ၇လ မနက်ပိုင်းမှာ ရာအိမ်မှူး ဦးအုန်းလှိုင်အိမ်ကိုတိုင်သည် ရာအိမ်မှူးမှ ရာဇဝတ်မှုမကင်းသောကြောင့် ၁၂ ရက်တွင် တပ်သစ်ရဲစခန်း၌အမှုဖွင့်ခဲ့သည်။ ပုဒ်မ ၃၇၆ ၃၆၃(ပ)၂၇၇/၂၀၁၈နဲ့အမှုဖွင့်ထားသည်…
အိရွှေဇင်ဝင်းအဖေနာမည်က ဦးသန်းရွှေ အမေကဒေါ်ဋ္ဌေးဋ္ဌေးဝင်း မျိုးအောင်ကနောက်အိမ်ထောင် မျိုးအောင်နဲ့ရတာ ကလေး၃ယောက် ၆ နှစ် ၅နှစ်ရယ် ၆လ ရယ် မျိုးအောက်ကသူများကံမှာကံစောင့် မိန်းမက ကန်စွန်းရက်ခူးရောင်းတယ် အိရွှေဇင်ဝင်းကို ဖြစ်စဉ်မေးရာ မိခင်အိမ်မှာမရှိချိန် ကန်စွန်းရွက်သွားရောင်းချိန် ပြုကျင့်သည် မိခင်ကိုပြန်ပြောလျှင် ဓားနှင့်ခုတ်သတ်မည်ဟုပြောသဖြင့်ပြန်မပြောခဲ့ရပါဘူး.. ထိုမှတဆင့် တွံတေးမှာရှိသော ခိုင်နှင်းဝေပရဟိတ ကိုယ်စားလှယ် မနိုင်နိုင်မော် ထံရောက်ရှိပြီး ကျမကိုအကြောင်းကြားလာခဲ့တာပါ.. ကလေးအတွက် အစစအရာရာအဆင်ပြေစေဖို့ ဆုတောင်းပေးကြပါအုံးရှင်…” ဆိုပြီး သမီးငယ်လေးရဲ့ အဓ္ဓပြုကျင့်ခြင်းခံခဲ့ရပုံကို မျှဝေရေးသားထားတာဖြစ်ပါတယ်။ ဒီလိုသတင်းမျိုးတွေကြားရတာ အရမ်းကိုစိတ်မကောင်းလဲဖြစ်ရပါတယ်။
ပရဟိတမင်းသမီးလေးခိုင်နှင်းဝေကတော့ ဘယ်သူနဲ့မှမတူလောက်အောင် လေးစားအတုယူလောက်စရာ တကယ့်ကိုစေတနာရှင်တစ်ယောက်ပါပဲနော်... သမီးငယ်လေးလဲ ကျန်းမာရေးအပြင် အစစအရာရာအဆင်ပြေပါစေလို့ ပရိသတ်ကြီးက၀ိုင်းဝန်းပြီး ဆုတောင်းမေတ္တာပို့ပေးလိုက်ကြပါဦးနော်...