BEC-TERO TV

ကိုယ့်ချစ်သူသစ္စာရှိမရှိ စမ်းသပ်နိုင်မယ့်နည်းလမ်းလေးကို ပြောပြလိုက်တဲ့ မအေးသောင်း

05 Sep 2018     1,585 Views


ရုပ်ရှင်နဲ့ကြော်ငြာသရုပ်ဆောင် အေးဝတ်ရည်သောင်းဟာဆိုရင် တစ်ချိန်ကအနုပညာလောကမှာ ငယ်ငယ်ရွယ်ရွယ်နဲ့အောင်မြင်ကျော်ကြားခဲ့သူတစ်ယောက်ဖြစ်ပြီး နာမည်ရနေစဉ်အတွင်းမှာပဲ အနုပညာလောကကနေ ခေတ္တခဏပျောက်ကွယ်သူလေးဖြစ်ပါတယ်။ အသက်အရွယ်ရလာပြီးနောက်ပိုင်း မြန်မာဆန်ဆန်ဝတ်စုံလေးတွေကို လှပစွာဝတ်စားပြီး ချစ်စရာကောင်းတဲ့မျက်နှာထားလေးနဲ့ တည်ငြိမ်ရင့်ကျက်တဲ့သူမရဲ့အလှတရားတို့ကြောင့် ကိုကိုတွေ၊ မောင်မောင်တွေရဲ့ပါးစပ်ဖျားမှာ တစ်ဖန်ရေပန်းပြန်စားလာတဲ့ မအေးသောင်းကတော့ ယနေ့တိုင်အပျိုကြီးဂုဏ်ကိုထိန်းသိမ်းထားဆဲဖြစ်ပါတယ်။

အေးချမ်းတဲ့အချစ်ရေးတစ်ခုကိုပိုင်ဆိုင်ထားတဲ့ မအေးသောင်းက သူမကိုယ်တိုင်ကချစ်သူရှိသူတစ်ယောက်မို့ မိန်းကလေးတွေအတွက် ကိုယ့်ချစ်သူက ကိုယ့်အပေါ်သစ္စာရှိမရှိဆိုတာကို စမ်းသမ်းနိုင်မယ့်နည်းလမ်းလေးကို အကြံဥာဏ်ပေးထားတာတွေ့ရပါတယ်။

အေးသောင်းပြောပြထားတဲ့နည်းလမ်းလေးကတော့ “သင့်ချစ်သူ သင့်ကိုသစ္စာရှိမရှိ သိလိုပါသလား????? သူ့ဖုန်းကို အခုပဲ ဖွင့်ပြီးစစ်ဆေးကြည့်ပါ။ ငြင်းပြီဆို တအားမဖွင့်ခိုင်းပါနဲ့။ အသာတကြည်လွှတ်ပေးလိုက်ပါ။ ပြီးရင် မသိချင်ယောင်ဆောင်နေပါ။ မခွဲနိုင်သေးရင် တန် သလောက်ပဲ ဆက်ချစ်ပါ။ ခွဲနိုင်ပြီဆို လက်ငါးချောင်းထောင်လိုက်ပါ။ ဟိုဘက် ဒီဘက်ယမ်းပါ။ "တာ့တာ့"လို့ပါးစပ်မှပြောပြီး သူသွားလိုရာသွားခိုင်းလိုက်ပါ။ သင်ဟာ သာယာတဲ့လမ်းပေါ်စရောက်ပါပြီ။

 ကြည်ကြည်ဖြူဖြူ ဖွင့်ပေးတယ်ဆိုရင်တော့ 2018 မှာသင်ဟာ သိပ်ကံကောင်းတဲ့ အမျိုးသမီးပါပဲ။ တခါတလေ စောင့်ကြည့်စရာမလိုတဲ့ အဖြစ်တွေတကယ်ရှိနေပါတယ်။ ***ဖုန်းက အသက်ပဲ" တော်သေးပြီ.... စပ်မိစပ်ရာ တွေးမိတွေးရာ ဒဲ့ရေးသွားသည်။”  ဆိုပြီး နည်းလမ်းလေးပေးထားတာဖြစ်ပါတယ်။ သူမကိုယ်တိုင်လုပ်နေကျ နည်းလေးလားမသိဘူးနော်… ကဲ ကောင်မလေးတွေ ကိုယ့်ချစ်သူကောင်လေးက ကိုယ့်အပေါ်တကယ်သစ္စာရှိလား၊ မရှိလား စမ်းကြည့်လိုက်ကြဦးနော်…

 

 


05 Sep 2018     1,585 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment