လက်သရမ်းချင်ကြတဲ့သူတွေကို ခပ်မိုက်မိုက်တုံ့ပြန်လိုက်တဲ့ ဆုအိမ့်စံရဲ့ဗီဒီယိုဖိုင်
03 Sep 2018 1,948 Views
အနုပညာလောကထဲက လိုက်ဖက်တဲ့ချစ်သူစုံတွဲလေး တစ်တွဲလို့အများကသိကြတဲ့ သူရိယနဲ့ ဆုအိမ့်စံတို့ချစ်သူနှစ်ဦးကတော့ သရုပ်ဆောင်အလုပ်တွေကိုလုပ်ကိုင်နေသူနှစ်ယောက်ဖြစ်ပါတယ်။ သရုပ်ဆောင်လောကမှာ နေရာတစ်နေရာကိုရရှိထားသူများဖြစ်ကြတဲ့သူတို့နှစ်ယောက်က ချစ်စရာကောင်းပြီး နေနဲ့လလို လိုက်ဖက်ညီတာကြောင့် ပရိသတ်တွေသဲသဲလှုပ်ချစ်ခင်အားပေးကြရတဲ့ စုံတွဲလေးလဲဖြစ်ပါတယ်။
ဒီတစ်ခါမှာတော့ ကလေးတစ်ယောက်လို နွဲ့ဆိုးဆိုးတတ်သူလေး ဘေဘီဆုက အရိပ်တကြည့်ကြည့်နဲ့ အမြဲဂရုစိုက်အလိုလိုက်တတ်တဲ့ချစ်သူကို လက်သရမ်းချင်ကြတဲ့မိန်းကလေးတွေကို ဘယ်လိုမျိုးတုံ့ပြန်လဲဆိုတာ ဗီဒီယိုဖိုင်လေးကိုဟာသအနေနဲ့ တင်ထားတာဖြစ်ပါတယ်။ ချစ်သူရဲ့အသားကိုယောင်လို့တောင် အထိမခံတဲ့ဆုအိမ့်စံရဲ့ ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်နော်... ပရိသတ်ကြီးထဲမှာရော ဘေဘီဆုလေးလို ကိုယ့်ချစ်သူရဲ့အသားမပြောနဲ့.. အရိပ်ကိုတောင် အထိမခံတဲ့မိန်းကလေးတွေရှိကြလားဝေ့...