မောင် ကို (ကို ) နဲ့ မှားမှားခေါ်မိတယ်ဆိုတဲ့ ချစ်သူသက်တမ်း၁လကျော်ပြီဆိုတဲ့ သုသု
29 Aug 2018 1,321 Views
တနေ့တခြား ပိုပိုလှလာတဲ့ မိတ်ကပ်ညီညီမောင် စမ်းချောင်း ( သုသု ) ဟာဆိုရင် ပျော်ပျော်နေတတ်တဲ့ အကျင့်ကြောင့် လူအများရဲ့ အချစ်တွေကို အပိုင်စီးထားသူတစ်ယောက်လည်းဖြစ်ပါတယ် ။ ဟာသ ဗီဒီယိုလေးတွေနဲ့ ပရိသတ်တွေပျော်ရွှင်အောင်လုပ်တတ်တဲ့ သုသု ကတော့ လက်ရှိမောင်နဲ့ ပျော်ရွှင်နေပါတယ်တဲ့ ။
“ချစ်သူကိုမောင်လို့ ခေါ်ပြီး ထားခဲ့ သမျှရည်းစားတွေကို မောင်မခေါ်ဘူးတော့ ကိုတွေမှာခေါ်မိလို့ ရန်ခနခန ဖြစ်ရတယ်
လက်ရှိအချစ်ရေးကတော့ အေးအေးဆေးဆေးပါပဲ ချစ်သူသက်တမ်း ၁ လ နီးပါးရှိပြီ စိတ်လမ်းချမ်းသာတယ်နှစ်ယောက်လုံးနားလည်မှုအပြည့်နဲ့ အချစ်ရေးကိုဖြတ်သန်းနေပြီး သူကလည်း စိတ်ချမ်းသာအောင်ထားတယ် ။
ချစ်သူကို ချမပြသေးတာက အရင်လိုလဲမဟုတ်တော့ဘူး နေတတ်လာတာကြောင့်လဲ ပါပါတယ် ။ နေတတ်လာတော့ ဘာဖြစ်ဖြစ် အရင်လို ချမပြဖြစ်တော့ဘူး ချမပြဖြစ်တော့ သူလည်းအေးချမ်းတယ် ကိုယ်လည်းအေးချမ်းတယ် ။ အရင်အချစ်ရေးတွေရဲ့ သင်ခန်းစာကြောင့် လက်ရှိချစ်သူကို ချမပြသေးတာပါ နောက်ပိုင်းမှာပရိသတ်ကို မိတ်ဆက်ပေးသွားမှာပါ ။” ဆိုပြီး ပြောထားပါတယ်
သုသု ကတော့ လက်ရှိမှာ MTV နဲ့ ကြော်ငြာ တချို့ကိုလက်ခံရိုက
source :7day news