New York Fashion Week တက်မယ့် သူတို့နှစ်ယောက်
29 Aug 2018 1,447 Views
ထိပ်တန်း model တွေဖြစ်ကြတဲ့ Awn Seng နဲ့ Nang Kae Mar တို့ ကတော့ New Yorks Fashion Week Spring Summer 2019 ကိုဖိတ်ကြားခြင်းခံရတယ်လို့ သိရပါတယ်။ Internation မှာ မြန်မာ မော်ဒယ်လ် တွေလည်း တဖြည်းဖြည်း ဝင်ရောက်လာတာဆိုရင်တော့ ဂုဏ်ယူစရာလည်း ဖြစ်ပါတယ် ။ သူတို့နှစ်ယောက်ဟာဆိုရင် Modelling ကို Profassion ကျကျ ရပ်တည်နေကြတဲ့ သူတွေလည်း ဖြစ်ပါတယ် ။ အခုလိုမျိုး ဖိတ်ကြားခံရတဲ့ အတွက် နှစ်ယောက်လုံးလည်း အရမ်းကိုပျော်ရွှင်နေကြပြီး သူတို့ ရဲ့ အကောင့်တွေမှာ သူတို့ ရဲ့ ပျော်ရွှင်မှုကို ပရိသတ်ကိုဝေမျှထားပါသေးတယ် ။
Awn Seng ကတော့ သူမရဲ့ အကောင့်မှာ “အောန်ဆိုင်းအရမ်းစိတ်လုပ်ရှား ပျော်ရွှင်နေပါတယ် ဘာလို့လဲဆိုတော့နောက်လအတွင်းမှာ ကျင်းပတော့မယ့် New York Fashion Week Spring Summer 2019 ရဲ့ HUGO BOSS နဲ့ TADASHI SHOJI ရှိုးပွဲကိုသွားကြည့်ခွင့်ရမှာဖြစ်ပါတယ်
ဒီခုလိုကမ်းလှမ်းလာတဲ့ THE AVENUE မှ team ကိုအထူးကျေးဇူးတင်ပါတယ်
အောန်ဆိုင်းနဲ့အတူ NEW YORK FASHION WEEK ကိုခေမားလည်း အတူတူသွားကြမှာဖြစ်ပါတယ်
ဒီခရီးစဉ်မှာ အောန်ဆိုင်းနဲ့ခေမားတို့ဘာတွေလုပ်သွားမလဲဆိုတာကို အားလုံးစောင့်ကြည့်ပေးပါ
နော် . Very happy to announce that I am invited for the HUGO BOSS & TADASHI SHOJI NFW SS2019 . Could not wait for this amazing journey to happen . A million thanks to THE AVENUE for your tremendous supports .” ဆိုပြီး ရေးသားထားတာကိုတွေ့ရပါတယ် ။
Nang Kae Mar ကလည်း “ခေမားရဲ့အိပ်မက်တစ်ခုအကောင်အထည်ပေါ်လာပြီ.. အိပ်မက်က နိုင်ငံခြားမှာ ပွဲသွားတက်ချင်တယ်.. Show ပွဲတွေလျှောက်ချင်တယ်.. သူများနိုင်ငံကလုပ်တဲ့ပွဲမှာ မြန်မာကပါဆိုပြီးဂုဏ်ယူစွာပြောချင်တယ် ..
Yesss.... အခုဖြစ်လာခဲ့ပါပြီ..ပထမဆုံးမြန်မာပြည်အနေနဲ့ သွားရမှာမို့အရမ်းအရမ်းကိုပီတိဖြစ်မိပါတယ်..
The Avenue ကနေတစ်ဆင့် New York Fashion Week ပွဲမှာ Brandကြီးဖြစ်တဲ့ Hugo Boss နဲ့ Tadashi ပွဲတက်ဖို့အတွက် ခေမားနဲ့ Awn Sengကိုဖိတ်ကြားခံခဲ့ရပါတယ် .. အတိုင်းမသိအရမ်းပျော်ခဲ့ပါတယ်.. အရမ်းလည်းစိတ်လှုပ်ရှားနေတယ်.. ကိုယ့်မြန်မာနိုင်ငံအတွက်လဲဂုဏ်ယူပါတယ်ရှင်.. ခေမားတို့ကိုစောင့်ကြည့်ပြီး အားပေးကြပါလို့ချစ်တို့ရေ...” ဆိုပြီး သူမရဲ့ ပျော်ရွှင်မှုကိုလည်း ဝေမျှထားပါသေးတယ် ။
ပရိသတ်ကြီးလဲ သူတို့ နှစ်ယောက်ရဲ့ ပွဲတက်ဖက်ရှင် အလန်းတွေ ပိုစ့် ပလန်းတွေကို စောင့် ကြည့်ရဖို့ တော့ သေချာနေပြီနော် ။