BEC-TERO TV

ယုန်လေးအပြင် ကျော်စွာနဲ့ ရှေ့နေကိုပါ တရားထပ်စွဲလိုက်တဲ့ စူးရှထက်

16 Aug 2018     1,455 Views


ပရိသတ်တွေ အားမလိုအားမရဖြစ်နေတဲ့ အဆိုတော် အစ္စဏီနဲ့ စူးရှထက်တို့ရဲ့ အမှုကိစ္စဟာ တစ်နေ့တစ်ခြား ပိုပိုဆိုးလာပါပြီ။ မော်ဒယ် စူးရှထက်ဟာ အဆိုတော် အစ္စဏီရဲ့ အကိုဝမ်းကွဲဖြစ်တဲ့ ကျော်စွာရယ်၊ အဆိုတော် ယုန်လေးရယ်၊ ရှေ့နေရယ်ကို တရားစွဲဆိုထားပြန်တယ်လို့ သိရပါတယ်။ လက်ရှိမှာလဲ သူမကိုယ်တိုင်ကလဲ အစ္စဏီရဲ့ ရုံးချိန်းကို တက်ရောက်လာခဲ့ခြင်းမရှိ တဲ့အပြင် နောက်ထပ် ၃ဦးကိုပါ တရားထပ်စွဲထားတယ်ဆိုတော့ ပရိသတ်တွေရဲ့ ဝေဖန်မှုတွေလဲ ရှိလာပါတယ်။ တဖက်မှာလည်း စူးရှထက်ကို လိမ်ညာထားတဲ့ ကိစ္စတစ်ခုဆိုပြီး မစ္စဏီ ရဲ့ အကို ကျော်စွာက သက်သေနဲ့ တကွ ပြောပြလာပြန်ပါတယ်။

” ကျနော်တို့ရှင်းချင်တာက ပုဒ်မ၃၇၆ သူ့ကို အစ္စဏီက မဒိန်းကျင့်တယ် မကျင့်ဘူးဆိုတဲ့ကိစ္စ။ အလကား ရှုပ်နေတာက မဆီမဆိုင်အကြောင်းအရာတွေ လျောက်ပြော လျောက်တိုင်ပြီး လမ်းကြောင်းလွှဲနေတယ်။ ခြိမ်းခြောက်တာတွေ အောက်ဖဲလှန်တာတွေ အကောင့်တုနဲ့ တိုက်ခိုက်တာတွေ တောင်းပန်ရင်ကျေအေးမယ်ပြောလိုက် တောင်းပန်တယ်ပြောလိုက် မကျေအေးဘူးပြောလိုက် သူတစ်ယောက်တည်း ရှုပ်နေတယ်။ နေရင်းထိုင်ရင်း ရှေ့နေတွေရဲ့ အခွန်ကိစ္စတွေတောင် အစစ်ပါသေး။ ကျနော်ကလဲ ဒီလိုတွေ ဖြစ်လာမယ်ဆိုတာသိလို့ စဖြစ်ဖြစ်ချင်းတည်းက သူနဲ့ပြောသမျှ တွေ့သမျှ အကုန် record ယူထားတော့ သူ့အတွက်တော့ စိတ်မကောင်းဘူး ။

 အဲ့လို ပေါက်ကရ လမ်းဘေးအတင်းဖျင်းဆန်တဲ့ စကားမျိုးတွေပေါ်မှာတော့ ကျနော်အနေနဲ့ ဖြေရှင်းနေမှာမဟုတ်ဘူးဗျ။ သူဖာသူနိမ့်တာနိမ့်ပေါ့ ကိုယ့်ပါလာစွဲချနေတာမျိုးတော့ လက်မခံဘူး။ ဟုတ်တယ် ကျနော်ရယ် ယုန်လေးရယ် အစ္စဏီရှေ့နေ ကိုကျော်ဇင်ဦးရယ်ကို ထပ်ပီးတိုင်ကြားထားပါတယ်။ ဘာလို့တိုင်တာလဲဆိုတော့ တရားစွဲလို့မရလို့ပေါ့ဗျာ ။ ဘာတွေဖြစ်လာနိုင်လဲဆိုရင်တော့ ဘာမှဖြစ်လာစရာမရှိဘူး။ အခုဒီစာရေးရင်း ဒေါသထွက်နေတာက ဟိုကောင် ဟန်ထွန်းကိုပဲ ။ ကိုယ့်အဆင့်ကိုယ်မသိ ဘယ်လိုအတန်းအစားတွေနဲ့ သွားပတ်သတ်ခဲ့တာလဲကွာဆိုပီး မေးမေးပြီးကို ထိုးချင်တာ ။ သူပတ်သတ်ခဲ့လို့သာ ကိုတွေ ဒီလိုအတန်းအစားတွေနဲ့ ယှဉ်ပြီး ဒီလိုလမ်းဘေးအတင်းအဖျင်းတွေ ပြောနေရတာ တော်တော်ရှက်စရာကောင်းနေပီ” ဆိုပြီး ရေးသားထားပါတယ် ။

မော်ဒယ် စူးရှထက်ရဲ့ ဟန်ဆောင်လိမ်ညာမှုတွေဆိုပြီး ” အဲ့မှာ သူ ကျနော့်ဖုန်းကိုတောက်လျောက် ခေါ်ထားတဲ့ miss call တွေ ။ april 23 မှာ သူဖက်က စဆက်ပြီး သမီးရူးတော့မယ်ကိုကြီးရေ သမီးအကြံတွေမဟုတ်ပါဘူး မေကြီးနဲ့ပြောချင်လို့ပါ ကိုကြီးပြောပေးပါဦးဆိုပြီး အန်တီမိငယ်ကို သူတို့အိမ်ကို အတင်းခေါ်တယ်။ အဲ့ဒိ့ဖုန်းကောအသံဖိုင်လဲ အများနားထောင်လို့ရအောင် ထုတ်ပေးပါဦးမယ်။ ပြောချင်တာက အဲ့ဒိ့ ဧပြီ၂၃ ဆိုတဲ့အချိန်မှာ သူ မီဒီယာတွေမှာပြောနေတာကသူ့ဖက်က လုံးဝမကျေအေးပေးနိုင်ပါဘူး ကျနော်တို့ကခြိမ်းခြောက်နေပါတယ်ဆိုပြီး ဇွတ်ရွတ်ပြောနေတဲ့အချိန်။ တစ်ဖက်မှာလဲ ကျနော်တို့နဲ့ ဆက်သွယ်ပြီး ဗလောင်းပလဲတွေပြောနေတယ်ဆိုတာပါ။ ကျနော်သာ သူ့ကိုခြိမ်းခြောက်ရင် သူဘာလိုကျနော်နဲ့ အကြိမ်ကြိမ်ဆက်သွယ်နေရတာလဲ ။ အဲ့အချက်ကိုပရိသတ်တွေ စဉ်းစားဖို့ ချပြတာ ။ ဒါပါပဲ ” ဆိုပြီး သူ့ရဲ့ အကောင့်ကို ရေးသားထားပါတယ် ။

 

 


16 Aug 2018     1,455 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment