Relationship နဲ့ ပတ်သတ်ပြီးပြောပြလိုက်တဲ့ မထက်
15 Aug 2018 1,418 Views
နီနီခင်ဇော်ရဲ့ Stand by me ( Acoustic version ) Mtv မှာ LGBT supporting MTV အနေနဲ့ အတွဲများစွာကိုလည်း တွေ့ခဲ့ ရပါတယ် ။အတွဲတွေ အများကြီးထဲကမှ မထက်နဲ့ အတူတွဲသရုပ်ဆောင်ထားသူဟာ မထက် ရဲ့ ချစ်သူများလာဆိုပြီး ပရိသတ်တွေအရမ်းကိုစိတ်ဝင်စားခဲ့ ကြပါတယ် ။ ထိုကိစ္စနဲ့ ပတ်သတ်ပြီး မထက်က သူ့ရဲ့ အကောင့်မှာ “ ပြောမယ်နော် ... နီနီ့ သီချင်းMTVမှာ အမနဲ့အတွဲအဖြစ် သရုပ်ဆောင်ထားတာ အမရဲ့ ရည်းစားကောင်လေး မဟုတ်ပါဘူး... အဲ့နေ့ရိုက်ကွင်းရောက်မှ မြင်ဘူးတာပါ.... နံမည်တောင် အိမ်ပြန်တဲ့လမ်းရောက်မှ မေးကြည့်ရတယ် ..ခဏဘဲရိုက်ရတော့ အချိန်မကြာတော့သေချာမိတ်မဆက်လိုက်ရပါဘူး.... ယူတို့ထင်သလို့ မ ရည်းစားမဟုတ်သလို...မ ရည်းစားကလည်း အမကိုလူကြားထဲ တွဲခေါ်ထွက်ရဲဖို့လည်း မဖြစ်နိုင်ပါဘူးကွယ်.... စိတ်ဝင်တစား ကြည့်ပေး ချစ်ပေး ခင်ပေးကြလို့ အရမ်းလည်း ကျေးဇူးတင်ပါတယ်.... တကယ်တော့ အမဘဝကလေ သူများတွေထင်သလောက် ပျော်စရာမကောင်းပါဘူး” ဆိုပြီး ပရိသတ်တွေ အရမ်းကို စိတ်ဝင်စားနေတဲ့ အချစ်ရေးနဲ့ ပတ်သတ်ပြီး ပြောပြသွားပါတယ် ။