ယောကျာ်းလေးဆန်ဆန်ဖက်ရှင်လေးနဲ့ နန်းမြတ်ဖြိုးသင်း
13 Aug 2018 1,468 Views
အဆိုတော် သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ နန်းမြတ်ဖြိုးသင်းကတော့ သရုပ်ဆောင်ပိုင်းမှာလည်း ပရိသတ်တွေရဲ့အားပေးမှုကို ရရှိထားပြီး ဂီတပိုင်းမှာလည်း မခေသူလေးတစ်ယောက်ပါ။ သူမဟာ ခင်ပွန်းနဲ့အတူ သာယာတဲ့အိမ်ထောင်းရေးတစ်ခုကို ပိုင်ဆိုင်ထားသူဖြစ်ပြီး အိမ်ထောင်ကျပြီးနောက်ပိုင်းမှာလဲ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေဆဲဖြစ်ပါတယ်။ သူမရဲ့လှုပ်ရှားမှုမှန်သမျှကို ပရိသတ်တွေနဲ့မဝေးကွာအောင် လူမှုကွန်ယက်ကနေ အမြဲထိတွေ့နေတဲ့ နန်းမြတ်က ယောကျာ်းလေးဆန်ဆန်ဝတ်စားထားတဲ့ ပုံရိပ်လေးကို တင်လိုက်ပါတယ်။
ကတုံးဆံပင်ပေါက်လေးနဲ့ဖြစ်နေတဲ့နန်းမြတ်က “ကြက်ပေါက်ကေ” ဆိုတဲ့ Caption လေးနဲ့တင်ထားတာဖြစ်ပြီး ပရိသတ်တွေကတော့ ယောကျာ်းလေးနဲ့တူလို့ ကော်ရီးဆိုပြီး စနောက်ထားတာလဲ တွေ့ရပါတယ်။ နန်းမြတ်ဟာ သူမရဲ့မွေးနေ့မှာ ကုသိုလ်ပြုတဲ့အနေနဲ့ ဘုရားသမီးတော် မယ်သီလရှင်ဝတ်ခဲ့တာဖြစ်ပြီး သူငယ်ချင်းဖြစ်သူနန်းသူဇာနဲ့အတူ ၀တ်ခဲ့တာဖြစ်ပါတယ်။