BEC-TERO TV

မိခင်လှူချင်တာလှူတန်းနိုင်ဖို့အတွက် သိန်း(၁၀၀) ကန်တော့လိုက်တဲ့ မနော

08 Aug 2018     1,309 Views


သာယာနာပျော်ဖွယ် ချိုမြတဲ့အသံလေးနဲ့ မြန်မာသံသီချင်းချိုချိုအေးအေးလေးတွေကို လူကြီး၊ လူငယ် ပရိသတ်တွေရဲ့ ရင်ထဲ၊ ပါးစပ်ဖျားထဲ စွဲငြိသွားအောင် သီဆိုဖျော်ဖြေနိုင်တဲ့ အဆိုတော်မနောကတော့ ပရိသတ်တွေအတွက် အကောင်းဆုံးအနုပညာတေးဂီတတွေကို ချပြနိုင်အောင်ကြိုးစားနေသူတစ်ယောက်ဖြစ်ပါတယ်။ ပရိသတ်တွေကို အမြဲလေးစားတန်ဖိုးထားတဲ့ မနောက အလှူအတန်းတွေကိုလည်း အမြဲမပြတ်လုပ်ဆောင်နေသူဖြစ်ပါတယ်...

ဒါ့အပြင် မိဘအပေါ်မှာလည်း ကျေးဇူးသိတတ်တဲ့ သားလိမ္မာလေးဖြစ်တဲ့ မနောက သူ့ရဲ့မိခင်ကို သိန်း(၁၀၀)နဲ့ကန်တော့ခဲ့တယ်လို့သိရပါတယ်။ မိခင်လှူချင်တာလှူတန်းပြီး လုပ်ချင်တာလုပ်နိုင်ဖို့အတွက် ကန်တော့ခဲ့တာဖြစ်ပြီး မိဘတွေကို ငွေထောက်ပံ့ရှာကျွေးယုံနဲ့ မလုံလောက်သေးဘူးလို့လည်း ဆိုထားပါသေးတယ်။

“မင်္ဂလာပါ…မိဘ နှင့် သား သမီး ကြားအရေးကြီးဆုံးအရာကတော့ မေတ္တာတရားပေါ့။ မိဘကိုလုပ်ကျွေးပြုစုပြီး 
ငွေတွေထောက်ပံ့နေရုံမျှဖြင့် ငါတော့လုပ်ကျွေးတယ်သားသမီးတာဝန်ကျေတယ်လို့ ကျေနပ်နေလို့မပြီးသေးပါခင်ဗျာ။ မိဘ ရင်ထဲမှာဘာဖြစ်ချင်နေသလဲ ဘာလှူချင်လဲ ဘယ်သား သမီးကိုထောက်ပံ့ချင်လဲ၊ ဘယ်သွားချင်နေလဲ ဆိုတဲ့ မိဘ
ဖြစ်ချင်တာတွေအများကြီးရယ်ပါ သူတို့ရင်ထဲမှာ ကျနော်တို့ငယ်ငယ်ကလို မိမိလိုချင်တာမတောင်းဝံ့ပါဘူး။ သားသမီးပေးတာ ကျွေးတာလေးတွေကိုပဲ ခြွေတာပြီးကြည့်သုံး စားသောက်နေကြရတာများပါတယ်” လို့ဆိုကာ မိဘတွေကို ငွေကြေးထောက်ပံ့ရုံနဲ့ မလုံလောက်သေးကြောင်းရေးသားထားပါတယ်။

ဆက်လက်ပြီးတော့လဲ “တချို့မိဘများမှာမကျန်းမာသော်လည်း သားသမီးဝင်ငွေနည်းလို့အဆင်မပြေလို့ညည်းသံလေးကြားရလျှင်မပြောဝံ့*မပြောရက်ကြတော့ပါဘူး သူတို့ရောဂါပိုဆိုးလာတဲ့အထိပေါ့ မလွှဲသာမှဆေးရုံဆေးခန်းသွားရရှာတယ်လေ။ ဒါကြောင့် ကျနော်တို့တွေအနေနဲ့ မိဘများရင်ထဲမှာအမြဲကိန်းအောင်းနေတဲ့ သွားချင်လာချင်လှူချင်စားချင်ဝတ်ချင်အစုံစုံပေါ့ သိရှိအောင်အနီးကပ် မေတ္တာပေး စကားပြောအဖော်လုပ်ပြီးနေပေးကာ သိပ်မကျန်တော့တဲ့သူတို့ဘဝတွေအတွက် အချိန်ပေးပြီး ပြုစုစောင့်လျှောက်သင့်တယ်ဗျို့” ဆိုကာ မိဘတွေရဲ့ပြောမထွက်တဲ့ ရင်ထဲကဆန္ဒတွေကိုလည်း သိအောင်လုပ်ရင်း အနီးကပ်ပြုစုစောင့်ရှောက်သင့်ကြောင်းကိုပါ ပရိသတ်တွေကိုဝေမျှရေးသားထားတာဖြစ်ပါတယ်…

အဆိုတော်မနောကတော့ မိဘအပေါ်အလိုက်သိ လိမ္မာတဲ့သားလိမ္မာလေးတစ်ယောက်ပါပဲနော်… မိဘဆိုတာ ဘာအရာနဲ့မှလဲလို့မရတဲ့အတွက် ပရိသတ်ကြီးလဲ ကိုယ့်မိဘရှိစဉ်အခါမှာ ပြုစုစောင့်ရှောက်ဖို့အတွက် မမေ့ကြပါနဲနော်…

 

 


08 Aug 2018     1,309 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment