ရေဘေးကြောင့်ဒုက္ခရောက်နေသူတွေကို သွားရောက်အားပေးလှူဒါန်းခဲ့တယ့် ခိုင်နှင်းဝေ
06 Aug 2018 1,345 Views
ပရဟိတမင်းသမီးလေး ခိုင်နှင်းဝေကတော့ ကရင်ပြည်နယ် ဘားအံမြို့ရှိ နတ်ကျွန်းကျေးရွာက ရေဘေးကြောင့်ဒုက္ခရောက်နေသူတွေကို သွားရောက်လှူဒါန်းမှုတွေပြုလုပ်ခဲ့ပါတယ်။ သူမကတော့ ဒုက္ခရောက်နေသူတွေကို ကူညီကယ်တင်ဖို့ဆို လက်မနှေးပဲအမြဲရှိနေတဲ့သူတစ်ယောက်ဖြစ်ပါတယ်... သရုပ်ဆောင်ခိုင်နှင်းဝေက ရေဘေးကြောင့် စိတ်ဆင်းရဲနေကြတဲ့သူတွေကို ခဏတာပျော်ရွှင်မှုတွေပေးကာ စိတ်ခွန်အားတွေပေးခဲ့နိုင်လို့ ၀မ်းသာပျော်ရွှင်ကာ ပီတိဖြစ်လို့နေပါတယ်။
“ဘားအံ နတ်ကျွန်းကျေးရွာမှာသွားလှူခဲ့ပါတယ်..ကျမသွားတော့ ကလေးတွေရောလူကြီးတွေရော ပျော်နေကြတာတွေ့တော့စိတ်ချမ်းသာပြီး အမောကိုပြေသွားတာပဲ..ကျမတို့တွေသွားတော့ သူတို့မှာမရှိရှိတာနဲ့ ဧည့်ခံရှာတယ်..ရပါတယ်..လွတ်လွတ်လပ်လပ်နေပါဆိုတာကိုမရဘူး..ကျမအပြန်ရေလမ်းကနေ သဗ္ဗာန်စီးပြီးပြန်ရမှာကို ဝိုင်းစိတ်ပူနေကြရှာတယ်..” ဆိုပြီး သူမအတွက်တောင် ပြန်ပြီးစိတ်ပူပေးနေကြတဲ့အတွက် အမောပြေပီတိဖြစ်ခဲ့ရကြောင်းကို ရေးသားထားပါတယ်..
ဒုက္ခရောက်နေသူတွေကို သီချင်းတွေဆိုပြပြီး ဘ၀အမောတွေကို ခဏတာဖြေဖျောက်ပေးခဲ့ကာ စိတ်ခွန်အားတွေလဲ ပေးခဲ့ကြောင်း ဆက်လက်ရေးသားထားပါသေးတယ်။
“ကျမတို့ကသီချင်းတွေဆိုပြတော့ ပျော်လို့ဆိုပြီးကကြတယ်..ဘယ်လိုတွေပဲ စိတ်ဆင်းရဲစရာတွေနဲ့ ဒုက္ခတွေရောက်နေပါစေ ခနလေးအချိန်အတွင်းမှာ စိတ်ခွန်အားတွေ ပြောပေးပြီး သူတို့ ခနလောက်ပျော်ရွှင်ရယ်မောနိုင်စေခဲ့ပါတယ်..ကျမ သူတို့ကြောင့် ကြည်နူးခဲ့ရပါတယ်..(၇)ရက်သားသမီးများရဲ့ အလှူဖြစ်လို့ ကျမဆီမှာ အလှူပူပေါင်းခဲ့သူများနှင့် ချစ်ပရိသတ်များ ဝမ်းသာကြည်နူး သာဓုခေါ်ကြပါရှင်....” ဆိုပြီး ၀မ်းသာကြည်နူးဖြစ်ခဲ့ရကြောင်းနဲ့ ပရိသတ်များပါသာဓုခေါ်ဆိုနိုင်အောင် လှူတန်းခဲ့တယ့် ပုံရိပ်တွေကို မျှဝေထားတာဖြစ်ပါတယ်။
ပရဟိတမင်းသမီးချောလေး ခိုင်နှင်းဝေကတော့ စိတ်စေတနာပိုင်းမှာ ဖြူစင်လွန်းတာကြောင့် ပရိသတ်တွေရဲ့အချစ်ကို လက်ရှိအချိန်ထိပိုင်ဆိုင်ထားဆဲဖြစ်ပါတယ်။