BEC-TERO TV

ကရင်ပြည်နယ်ရှိ ရေနစ်မြုပ်နေသောကျေးရွာများသို့ သွားရောက်ကူညီခဲ့တဲ့ ဝေဠုကျော်

01 Aug 2018     1,494 Views


ကိုယ်ပိုင်ပရဟိတ လူမှုကူညီရေးဖောင်ဒေးရှင်းကို တည်ထောင်ထားတဲ့ သရုပ်ဆောင်မင်းသားတစ်ယောက်ဖြစ်တဲ့ ဝေဠုကျော်ကတော့ သူ့ရဲ့ဖောင်ဒေးရှင်းအဖွဲ့ဝင်သားများနဲ့အတူ မြန်မာနိုင်ငံရဲ့ ရေဘေးသင့်နေတဲ့ နေရာများရှိပြည်သူများကို စားနပ်ရိက္ခာများနဲ့ လိုအပ်သောကူညီကယ်ဆယ်ရေးများကို  လိုက်လံကူညီပံ့ပိုးပေးလျက်ရှိပါတယ်။

ဝေဠုကျော်ဟာ ဇူလိုင် (၂၉)ရက်နေ့က မွန်ပြည်နယ် ဘီးလင်းမြို့ရှိ ရေကြီးနေသောနေရာများကို ကူညီကယ်ဆယ်မှုတွေပြုလုပ်ပေးခဲ့ပြီးနောက် ယခုလက်ရှိမှာတော့ ကရင်ပြည်နယ် သံလွင်မြစ်ကမ်းအနီးအနားရှိ ကျေးရွာများကို လိုက်လံကူညီဆောင်ရွက်ပေးလို့နေပါတယ်။ ရေနစ်မြုပ်နေသော နေအိမ်များသို့ တစ်အိမ်တက် တစ်အိမ်ဆင်းကာ စားနပ်ရိက္ခာများကို လိုက်လံဝေမျှပေးနေတဲ့  ဝေဠုကျော်ကတော့ ကိုယ်ကျိုးမကြည့်ပဲ ဖြူစင်သောစေတနာစိတ်ထားတို့ရှိတဲ့ သူတစ်ယောက်ဖြစ်ပါတယ်...

“သံလွင်မြစ်အောက်ခြမ်း ၊ဘားကပ် ကျေးရွာနှင့် ကော့ကွန်းရွာ ရေနှစ်မြုပ်နေအိမ်များအား တစ်အိမ်တက်ဆင်း ကူညီပံ့ပိုးမျှဝေ ပေး..... ရေကြီးနစ်မြုပ်နေသော ပြည်သူများအား ဝိုင်းဝန်းကူညီ ပေးကြပါစို့ ......။”  ဆိုပြီး ဒုက္ခရောက်နေတဲ့သူတွေကို ၀ိုင်းဝန်းကူညီကြဖို့ နှိုးဆောင်တိုက်တွန်းထားပါသေးတယ်။ ရေဖွေးဖွေးကြားထဲမှာ အကျိုးဆောင်ကူညီမှုတွေပြုလုပ်ပေးနေကြတဲ့ ဝေဠုကျော်ဖောင်ဒေးရှင်းအဖွဲ့သားများရဲ့ ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်...

 

 


01 Aug 2018     1,494 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment