BEC-TERO TV

ဇာတိမြေက ဂျပန်ရောက် မြန်မာတစ်ဦးဆီကနေပျံ့နှံတဲ့အတွက်ပိုခံစားရပြီးအကျည်းတန်ပါတယ်လို့ပြောလိုက်တဲ့ ဒါရိုက်တာ ကြည်ဖြူသျှင်

30 Jul 2018     1,386 Views


လတ်တလော ရုံတင်ပြသနေတဲ့ ဇာတိမြေရုပ်ရှင်ဇာတ်ကားကြီးဟာ ယခုဆိုရင် အွန်လိုင်းမှာ ပျံ့နှံ့နေပါတယ် ။ ထိုကိစ္စနဲ့ ပတ်သတ်ပြီး ဒါရိုက်တာ ကြည့်ဖြူသျှင်က အကျည်းတန်တဲ့ လုပ်ရပ်တခုဖြစ်ပြီး အတော်လေး စိတ်ထိခိုက်ခံစားခဲ့ ရပါတယ်ဆိုပြီး ပြောထားပါတယ်။

“ မျှော်လင့်ချက်ကြီးနဲ့ ရိုက်ကူးခဲ့ ရတယ် ။ ငွေတွေအများကြီး ကုန်ကျခဲ့ ရတယ်။ငွေပြန်ရတော့မယ့် အချိန်ကျတော့ ဇာတ်ကားအတွက် ထိုက်သင့်သလောက်ရပါ့မလားဆိုတဲ့ ဝမ်းနည်းမှုတစ်ခုဖြစ်ပေါ်ရတယ်။ နောက်တခုက ဒီဇာတ်ကားက မြန်မာနိင်ငံရဲ့ ဂုဏ်မြန်မာနိုင်ငံသားတွေရဲ့ image ကိုမြှင့်ဖို့အတွက်ရိုက်ကူးတာပါ ။ ဘယ်နိုင်ငံမှာ ဒီဇာတ်ကားပြပြ မြန်မာလူမျိုးတွေက ဒီလိုစိတ်ဓာတ်ရှိပါလား ၊ ဒီလိုခံယူချက်ရှိပါလားဆိုတဲ့ သိက္ခာတစ်ခုအတွက်ရိုက်ထားတာပါ ။ပြီးတော့ ဒီဇာတ်ကားကိုကြည့်လိုက်တဲ့ မြန်မာလူမျိုးတွေအနေနဲ့လည်း ဂျပန်လူမျိုးကိုချစ်တဲ့ စိတ်တွေမြန်မာလူမျိုးအတွက်ကူညီချင်တဲ့ စိတ်တွေဂျပန်နိုင်ငံရောက်နေတဲ့ မြန်မာနိုင်ငံသားတွေကိုအခုရှိတဲ့ အခြေအနေထက်ပိုမိုနားလည်ပေးလာနိုင်ဖို့ဆိုတဲ့ စိတ်တွေနဲ့ ရိုက်ကူးထားတာပါ ။ ဒါပေမယ့် ဒီဇာတ်ကားက အွန်လိုင်းမှာပေါက်သွားတယ် ။ အဲ့ဒိအခါ ပေးချင်တဲ့ message ကပြောင်းပြန်ဖြစ်သွားတယ် ။ ဂျပန်တွေအမြင်မှာ မြန်မာတွေက စည်းကမ်းမရှိဘူး ၊ Ethic မရှိဘူးဆိုတာကြီး ကို သူတို့မြင်သွားပြီ။ပေးချင်တဲ့ message နဲ့ ပြောင်းပြန်message ကြီး ဖြစ်လာမှာကို တအားစိုးရိမ်တယ် ။အဲ့ဒိအတွက်လည်းစိတ်မကောင်းဖြစ်ရတယ်။ အွန်လိုင်းပေါ်ဖြန့်လိုက်တဲ့ လုပ်ရပ်က နိုင်ငံအတွက်ရော လူမျိုးအတွက်ရော တအားကို အကျည်းတန်ပြီး လူတစ်စုရဲ့ လုပ်ရပ်ကြောင့် လူအများကြီးထိခိုက်ပြီး တအားကို အကျည်းတန်စေပါတယ်။ ဂျပန်ရောက်နေတဲ့ မြန်မာလူမျိုးတစ်ဦးဆီကနေ ပေါက်သွားတာဖြစ်တဲ့ အတွက် ပိုပြီးခံစားရတယ်” ဆိုပြီး ပြောသွားခဲ့ ပါတယ်။

Crd;popular


30 Jul 2018     1,386 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment