BEC-TERO TV

ဘ၀မှာ ချောတယ်လို့ တစ်ခါမှ အပြောမခံခဲ့ရဘူးဆိုတဲ့ နေခြည်ဦး

20 Jul 2018     1,652 Views


အမြဲကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ ပွင့်ပွင့်လင်းလင်းပြောဆိုနေထိုင်တတ်တဲ့ Beauty Blogger မလေး နေခြည်ဦးဟာ မကြာသေးခင်ရက်ပိုင်းလောက်က ကိုရီးယားနိုင်ငံမှာ နှာခေါင်းနဲ့ မျက်ရစ်ခွဲစိတ်ပြုပြင်မှုကို ပြုလုပ်ခဲ့ပါတယ်။ ခွဲစိတ်ပြုပြင်ပြီးတဲ့နောက် ပြောင်းလဲသွားတဲ့ သူမရဲ့ပုံကို လူမှုကွန်ယက်ကနေ မျှဝေလိုက်တဲ့အခါမှာတော့ ပရိသတ်တွေရော၊ အနုပညာရှင်များကပါ ပိုပြီးလှသွားကာ ချောသွားပြီဟု ကောမန့်တွေဝိုင်းပေးခဲ့ကြပါတယ်။

သူမရဲ့မိသားစုတွေအပါအ၀င် သူငယ်ချင်းများကပါ ချောတယ်လို့ အပြောခံနေရတာကြောင့် ချီချီက ဘ၀မှာ ဒီလောက်ထိတစ်ခါမှချောတယ်လို့ အပြောမခံခဲ့ရဘူးဆိုပြီး သူမရဲ့ဖေ့စ်ဘွတ်စာမျက်ကနေ ရင်ဖွင့်စကားလေးဆိုကာ ချောတယ်လို့ပြောကြတဲ့သူတွေကိုလည်း ကျေးဇူးတင်ကြောင်း ယခုလိုလေးရေးသားထားပါတယ်။

ဘဝမှာလေတစ်ခါမှ ဒီလောက် "ချောတယ်" ဆိုတဲ့ စကား အပြောမခံခဲ့ရဘူး။ တစ်အိမ်လုံးကလည်း ချော
သူငယ်ချင်းတွေကလည်း ချော၊ လမ်းထိပ်က အန်တီကြီးကလည်း ချော။ ကိုယ့်ကိုယ်ကို ကြည့်တော့
အဲ့လောက် ပြောင်းလဲတယ်လို့ မထင်ရပေမယ့် ချောတယ်ပြောတဲ့သူတိုင်းကိုတကယ် ကျေးဇူးတင်တာပါ။ korea သွားပြင်မယ်လို့ ပေါ်တင်ပြောခဲ့တာတောင် သူငယ်ချင်းတွေအားလုံးက မသိရင်မွေးထဲက ဒီလိုထွက်လာသလိုပြောကြတော့ အရမ်းပျော်မိတယ်” ဆိုပြီး သူမအရမ်းပျော်မိကြောင်း ရေးသားခဲ့တာဖြစ်ပါတယ်။

သူမလိုပဲ ကိုရီးယားမှာ ခွဲစိတ်ပြုပြင်မှု လုပ်ချင်တဲ့သူများကိုလည်း ချီချီက သူမခွဲစိတ်ပြုပြင်ခဲ့တယ့် အတွေ့အကြုံတွေနဲ့ ဘယ်လိုမျိုးခွဲစိတ်မှုပြုလုပ်ခဲ့တယ်ဆိုတဲ့အကြောင်းကို ဗီဒီယိုလေးလုပ်ကာ တင်ဆက်ပေးသွားမှာပါဆိုပြီးတော့လည်း ပြောခဲ့ပါသေးတယ်။ ပရိသတ်တွေကတော့ ဖြစ်ချင်တာတွေ၊ လုပ်ချင်တာတွေကို လုပ်ခွင့်ရတဲ့ ချီချီလေးကို အားကျကာ Video လေးကိုလည်း ခုထဲက စောင့်စားလို့နေကြပြီပဲဖြစ်ပါတယ်…

 

 

 

 

 


20 Jul 2018     1,652 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment