BEC-TERO TV

ဘ၀ကို သမီးလေးတွေအတွက်နှစ်မြုပ်ရင်း ရှင်သန်နေတယ်ဆိုတဲ့ ချစ်သုဝေ

18 Jul 2018     1,502 Views


ဂီတပိုင်းမှာရော၊ သရုပ်ဆောင်ပိုင်းမှာပါ ထူးချွန်တဲ့ အဆိုတော် သရုပ်ဆောင်ချစ်သုဝေက လက်ရှိမှာ ချစ်စရာအလွန်ကောင်းတဲ့ အမြွှာသမီးလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားပြီး ပျော်ရွှင်တဲ့မိသားစုဘ၀ကို ပုံဖော်နေသူတစ်ဦးလည်းဖြစ်ပါတယ်။ မိခင်တစ်ယောက်ဖြစ်ပြီးနောက်မှာတော့ သူမရဲ့ဘ၀ကို သမီးလေးတွေအတွက်သာ နှစ်မြုပ်ထားပြီး ရိုးရှင်းတဲ့ဘ၀လေးကို ဖြတ်သန်းနေတယ်ဆိုတဲ့ အကြောင်းကို လူမှုကွန်ယက်ပေါ်မှာ ယခုလိုပဲရေးသားခဲ့ပါတယ်။

“Trezaဘဝဟာ သိပ်ရိုးရှင်းလွန်းပါတယ်.. ကိုယ့်အတွက်ထက် သမီးလေးတွေအတွက် ရှင်သန်ဖြစ်တယ်.. ကိုယ်ပိုင် carrier life တစ်ခုကို စွန့်လွှတ်လုနီးပါးနဲ့ အမွှာသမီးလေးတွေမေမေအနေနဲ့ နေတယ်.. သောက်ရတဲ့ဆေးအရှိန်တွေကြောင့် ခြေလက်တွေနုန်းနေလည်း သမီးလေးတွေဇောနဲ့ Treza လန်းဆန်းနေပါတယ်.. ၁နှစ်ကျော်အရွယ် "တစ်စက်မငြိမ်သမီးလေး၂ယောက်" ကို စောင့်ရှောက်ထိန်းသိမ်းရတာ တစ်ခါတစ်ခါ စိန်ခေါ်မှုများစွာနဲ့ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိအောင် စိတ်တွေရှပ်ထွေးနေပေမယ့် သူတို့လေးတွေငယ်ဘဝ စိတ်ရောကိုယ်ရော ကျန်းမာနွေးထွေးဖို့ Trezaအားတွေရှိနေပါတယ်..ကြိုးစားနေပါတယ်.. တစ်ခါတစ်ခါကိုယ်ပိုင်အချိန်တွေကို တစ်မက်တစ်မောလိုချင်ပေမယ့် ရဖို့ကြုံလာတာတောင် စိတ်မဖြောင့်နိုင်ပဲ လက်လွှတ်မိတာချည်းပဲဖြစ်နေတတ်ပါတယ်.." ဆိုပြီး ကိုယ်ပိုင်အားလပ်တဲ့ အချိန်လေးတွေရရင်တောင်စွန့်လွှတ်ပြီး သမီးလေးတွေအတွက်သာ အမြဲအသင့်ရှိနေတဲ့ မိခင်ကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားနေကြောင်းကို ပြောပြထားပါတယ်။

နေ့ရက်တိုင်းကိုလည်း သမီးလေးတွေကို ဘယ်လိုမျိုးအကောင်းဆုံးပြုစုပျိုးထောင်ပေးရမလဲဆိုတဲ့ အတွေးတွေနဲ့ဖြတ်သန်းရင်း မိခင်တစ်ယောက်ရဲ့ သားသမီးအပေါ်ထားမိတဲ့ စိတ်ထားလေးတွေကိုလည်း ရေးသားပြောပြခဲ့ပါတယ်။

“တဖြည်းဖြည်းအသားကျလာမယ်ထင်တဲ့ အမေတစ်ယောက်စိတ်ဟာ ကလေးတွေအရွယ်အရ တဖြည်းဖြည်း ပိုပို ပူလောင်လာရတာပါပဲ... ခုတော့...ဖောနေတဲ့မျက်နှာ,,,..ရွှဲနေတဲ့ဗိုက်..,,တွန့်ကြေမွတဲ့ဆံပင်.(မှန်တောင်မကြည့်ရဲ),.မိသားစုကိုချစ်တဲ့နှလုံးသား.,,..အချိန်ပြည့် ဘယ်လိုကျွေးရမလဲ ဘယ်လိုနည်းနဲ့သမီးလေးတွေလိမ္မာအောင်ချည်းကပ်ရမလဲ ဘာလေးတွေသူတို့အတွက်ဖန်တီးပေးမလဲ...စတာတွေသာတွေးနေတဲ့ ဦးနှောက်တစ်ခုရယ်,,..နဲ့Treza တစ်နေ့ပြီးတစ်နေ့ဖြတ်သန်းနေပါတယ်.. သူတို့အပြုံးလေးတွေ..ရယ်သံလေးတွေ..အမေကိုတွယ်ကပ်နေတာတွေက ဘာနဲ့မှမတူတဲ့အားတွေပေးထားတယ်ထင်ပ..နို့မို့ဆို..လဲနေလောက်ပြီလေ..
အမေတွေအားလုံးကိုဂုဏ်ပြုလျှက်..” ဆိုပြီး သားသမီးရှိတဲ့ မိခင်တိုင်းကိုလည်း လေးစားဂုဏ်ပြုမိကြောင်းကို ရေးသားထားတာဖြစ်ပါတယ်။

အဆိုတော် လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ အမြွှာသမီးလေးနှစ်ယောက်ဖြစ်တဲ့ မေမြန်မာခေတ်နဲ့ မေမြန်မာသစ်လေးကတော့ ချစ်စရာကောင်းလွန်းတာကြောင့် ပရိသတ်တွေတင်မက အနုပညာရှင်များကပါ သဲသဲလှုပ်ချစ်ကြရတဲ့သူလေးတွေ ဖြစ်ပါတယ်။ တစ်နှစ်ကျော်အရွယ်သာရှိသေးတဲ့ သမီးလေးနှစ်ယောက်က တော့ အနုပညာရှင်တွေဖြစ်တဲ့ ဖေဖေနဲ့ မေမေထက်တောင် ပရိသတ်ပိုများနေသူလေးတွေ ဖြစ်လို့နေပါတယ်…

 


18 Jul 2018     1,502 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment