BEC-TERO TV

မိခင်ကစိတ်ပူလို့ နေ့တိုင်းလာတွေ့ပေမယ့် သမီးက အိမ်တံခါးမဖွင့်ပေး

05 Mar 2018     1,364 Views


မိခင်ရဲ့မေတ္တာဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံးဖြစ်လို့ ဘယ်အရာနဲ့မှတောင် နှိုင်းဆပြလို့မရပါဘူး။ သားသမီးတွေ ဘယ်လောက်ပင် အသက်ကြီးလာပါစေ အမေရဲ့ အမြင်မှာတော့ ကလေးလို့ပဲ အမြဲထင်နေတတ်ပါတယ်။
ဒုက္ခတွေပင်လယ်ဝေလို့ ဘယ်သူကမှ လက်မခံတော့ရင်လဲ မိခင်ရဲ့ ရင်ခွင်က သားသမီးတွေအတွက် နားခိုရာ ဒုက္ခတွေကို မျှဝေခံစားပေးရာ နေရာဆိုရင်လဲ မမှားပါဘူး။

နှိုင်းဆလို့မရတဲ့ မိခင်မေတ္တာဟာ အစားထိုးရနိုင်တဲ့အရာမဟုတ် ဆိုတာကို စင်ကာပူနိုင်ငံက အသက် ၇၀ ကျော်အရွယ် အမေအိုကြီးတစ်ဦးက သက်သေပြခဲ့ပါတယ်။
ဆင်းရဲတဲ့ပုံစံပေါက်နေတဲ့ အမေအိုကြီးဟာ သမီးဖြစ်သူရဲ့ နေ့တိုင်း နှစ်နာရီကြာခန့် ရောက်လာတတ်ပါတယ်။ ဒါဟာသမီးဆီက ငွေရေးကြေးရေး အကူညီရယူဖို့ မဟုတ်ပါဘူး။ သူလာတိုင်း လက်ထဲမှာ သမီ:အတွက် စားစရာအထုတ်လေး တစ်ခုခုအမြဲပါလာတတ်ပါတယ်။

ညနေ ၄ နာရီလောက်ဆို တုန်ချိတုန်ချိနဲ့ သမီးရဲ့ အိမ်ခန်းတံခါးဝ ရောက်လာတတ်ပြီး သမီးဖြစ်သူကို တံခါးဖွင့်ပေးဖို့ အပြင်ဘက်က လှမ်းပြောပြီး တံခါးကို တစ်ဒေါက်ဒေါက်နဲ့ ခေါက်ပါတယ်။ ဒါပေမယ့် သမီးဖြစ်သူက လုံးဝထွက်မလာပဲ တံခါးကိုလည်း ဖွင့်မပေးပါဘူး။ အဖွားအိုဟာ ညနေ ၄ နာရီ လောက်ကနေ ညနေ ၆ နာရီထိ အိမ်ပြင်ဘက်မှာ တစ်ချိန်လုံး တံခါးခေါက်ရင်း သမီးဖြစ်သူ တံခါးဖွင့်ပေးချိန်ကို စောင့်နေပါတယ်။ နောက်ဆုံးမှာတော့ ညနေ ၆ နာရီလောက်ရောက်တဲ့အခါ ပါလာတဲ့ စားစရာ အထုတ်လေးကို တံခါးဝချခဲ့ပြီး ပြန်သွားပါတယ်။

ဒါဟာတစ်ရက်လည်းမဟုတ် နှစ်ရက်လည်း မဟုတ်တာကြောင့် ပတ်ဝန်းကျင်က လူတွေတောင် ရိပ်မိ သတိထားမိနေပါပြီ၊ စင်ကာပူနိုင်ငံဖြစ်တော့ သူများအိမ်တွင်းရေးလည်း ဝင်မစွက်ကြပါဘူး။
အမေအိုကြီး သမီးဆီ နေ့တိုင်းလာရတဲ့ အကြောင်းကရှိပါတယ်။ သမီးဖြစ်သူရဲ့ ခင်ပွန်းဟာ ဆုံးပါးသွားပြီးနောက် မုဆိုးမဖြစ်ကျန်ခဲ့တဲ့ သမီးဟာ ခင်ပွန်းဆုံးတဲ့အချိန်ကစပြီး အိမ်ထဲက အိမ်ပြင်လည်း မထွက်တော့ပါဘူး။


ဒါကြောင့် မိခင်ဖြစ်သူက သမီးရဲ့ ပူဆွေးသောကတွေ ပြေပျောက်အောင်၊ အိမ်ထဲကအိမ်ပြင်မထွက်လို့ စားရမဲ့ သောက်ရမဲ့များဖြစ်နေမှာ စိုးရိမ်ပြီး သမီးက တံခါးမဖွင့်ပေးတဲ့ကြားက နေတိုင်းလိုလို စားစရာလေး ယူလာပြီး အိမ်တံခါး လာလာခေါက်ရှာတာဖြစ်ပါတယ်။

အစပိုင်းမှာ နာရီအတော်ကြာတံခါးခေါက်နေတဲ့ အမယ်အိုကို အိမ်နီးနားချင်ဖြစ်သူက အိမ်မှာ ဘယ်သူမှမရှိဘူးထင်တယ်လို့ ထွက်ပြောပါသေးတယ်၊ ဒါပေမယ့် အမယ်အိုကတော့ သူ့သမီးလေး အထဲမှာရှိနေတယ်ဆိုတာ သေချာတာကြောင့် ဇွဲမလျော့ပဲ တံခါးအဖွင့်ကို ဆက်စောင့်နေပါတယ်။

ဒီလိုနဲ့ တစ်ကြိမ်မှာတော့ သမီးဖြစ်သူက တံခါးဖွင့်ပေးလာပါတယ်။ နာဝက်လောက်သမီးဖြစ်သူနဲ့ ပြောဆိုပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ ပြန်ထွက်သွားတာကို တွေ့ကြရပါတယ်။

ဘယ်လိုပင်ဖြစ်ပါစေ မိခင်အတွက်ကတော့ ကိုယ့်သားသမီး သက်ရှင်ကျန်းမာနေသေးရင်ကို အမောပြေနေတာမို့ သမီးဖြစ်သူ တံခါးလာဖွင့်သည်ဖြစ်စေ မဖွင့်သည်ဖြစ်စေ အမေအိုအနေနဲ့ သမီးဖြစ်သူ ပုံမှန်ပြန်ဖြစ်လာတဲ့ထိ တံခါးမှန်မှန်လာခေါက်နေမှာကတော့ အသေအချာပဲဖြစ်ပါတယ်။
 


05 Mar 2018     1,364 Views




RELATED

Most Popular of Special or Others

Most Popular of NEWS